(နိုင်ငံတကာ) နိုဝင်ဘာ ၄
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ ဈေးအတွင်း ဖိနပ်ဆိုင်ကြီးတစ်ဆိုင်၌ ယနေ့ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိုးကြိုးပစ်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ကနဦးယူဆထားသည်။
မီးလောင်မှုသည် ယနေ့ နံနက် ၁၁ နာရီ ၂၄ မိနစ်ခန့်တွင် စမွတ်ဆာခွန်မြို့နယ်အတွင်းရှိ ဖိုထောင်ဈေး (ตลาดนัดโพธิ์ทอง) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဈေးအတွင်းရှိ အရွယ်အစားကြီးမားသော ဖိနပ်ဆိုင်တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ကနဦးရရှိထားသော အချက်အလက်များအရ မိုးကြိုးပစ်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆထားသော်လည်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို တာဝန်ရှိသူများက အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ လူထိခိုက်သေဆုံးမှု ရှိ၊ မရှိနှင့် မီးငြှိမ်းသတ်နိုင်မှုအခြေအနေတို့ကို လက်ရှိအချိန်အထိ အသေးစိတ်သိရှိရခြင်း မရှိသေးကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN