
(ပြည်တွင်း) ဇူလိုင် ၁၃
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် သွားရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဦးမင်းအောင်လှိုင်ဟာ လာမယ့် သြဂုတ်လအစောပိုင်းမှာ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ အာဆီယံသတင်းရင်းမြစ်တွေကေ ဒီကနေ့မှာ ပြောကြားလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ရေးသားထားပါတယ်။
ဦးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ လွှတ်တော်တင်မြှောက်ခဲ့တဲ့ သမ္မတဖြစ်လာပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မယ့် ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ဟာ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ကို တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ပါ ပိုမိုထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။
ဒါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိမ်နိးချင်းနိုင်ငံ လာအိုကို ယခုလ အစောပိုင်းက ၎င်း၏ ပထမဆုံးတရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ဒုတိယအကြိမ်ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအအပါအဝင် အာဆီယံနိုင်ငံနဲ့ ဆက်ဆံရေး ပြေလည်စေရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကူညီဆောင်ရွက်နေတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ မနနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ လူကိုယ်တိုင် ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ထိုင်းနိုင်ငံက ကမကထ ပြုလုပ်တာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအရေး သဘောတူညီချက်တွေ ရယူခဲ့ကြပါတယ်။
အစည်းအဝေးပြင်ပမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ စီဟာဆတ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဆွေးနွေးခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေအဖြစ် ၎င်းတို့ရဲ့ နီးကပ်သော ဆက်ဆံရေးကို ပြန်လည်အတည်ပြုခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအခြေအနေတွေကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောကြားထားပါတယ်။
၂၀၂၁ ခုနှစ် တပ်မတော်က အာဏာထိန်းမှုအပြီးမှာ မြန်မာနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ဖိတ်ခေါ်တာတွေ မရှိခဲ့ပြီးနောက် အာဆီယံနဲ့ ထိတွေ့ဆက်ဆံရေး ဒေသတွင်းအုပ်စုနဲ့ အပြည့်အဝပြန်လည်ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းနေတဲ့ အဓိကအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ရှိနေတာ ဖြစ်ပြီး ခရီးစဉ်အသေးစိတ်အစီအစဉ်ကိုတော့ မသိရသေးပါဘူး။
ဦးမင်းအောင်လှိုင်ဟာ တပ်ချုပ်ရာထူးနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလက ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ ဘင်္ဂလားပင်လယ်အော် ကဏ္ဍပေါင်းစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံကို နောက်ဆုံးအကြိမ် သွားရောက်ထားပါတယ်။
Telegram….
https://t.me/positiveanglenews