(မှုခင်း) နိုဝင်ဘာ ၁၁
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်တွင် ဆိုင်ကယ်ဖြင့် သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁၁,၇၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်၌ စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးစဉ် စိန်ဝင်း မောင်းနှင်ပြီး မကေကေဝင်း (ခ) မကေ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁၁,၇၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ် ၁၇၅.၅ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN