အပစ်အခတ်ရပ်စဲရေး ပျက်ပြား၊ အမေရိကန်နှင့် အီရန်တို့ ပင်လယ်ကွေ့ဒေသတွင် အပြန်အလှန် လေကြောင်းတိုက် ခိုက်မှုများ ပြင်းထန်လာ  

(နိုင်ငံတကာ) ဇူလိုင် ၁၃

   အမေရိကန်နှင့် အီရန်တို့အကြား လက်မှတ်ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ (MOU) ပြိုလဲလုနီး ပါး ဖြစ်နေချိန်တွင် နှစ်နိုင်ငံတပ်ဖွဲ့များသည် ပင်လယ်ကွေ့ဒေသတစ်ဝန်း၌ အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုများကို ပြင်း ထန်စွာ လုပ်ဆောင်လျက်ရှိသည်။  

    အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) သည် တနင်္လာနေ့ နံနက်အစောပိုင်းတွင် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်ဒါဇင်ပေါင်းများစွာကို တိုက်လေယာဉ်များ၊ ရေတပ်သင်္ဘောများနှင့် ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ရေး ရေပြင်ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့သည်။           

    ယခုစစ် ဆင်ရေးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကုန်သွယ် ရေးသင်္ဘောများကို ခြိမ်းခြောက်နေသည့် အီရန်၏ စစ်ရေးစွမ်းရည်များကို လျှော့ချရန် ရည်ရွယ်ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။ အီရန်ဘက်ကမူ ဤတိုက်ခိုက်မှုများကြောင့် ခူဇက်စတန်ပြည်နယ်တွင် လုံခြုံရေးဝန်ထမ်းတစ်ဦး သေ ဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း တုံ့ပြန်သည်။                     

   အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)ကမူ နာရီပိုင်းအတွင်းမှာပင် ဘာရိန်း၊ အိုမန်နှင့် ကူဝိတ်နိုင်ငံများရှိ အမေရိကန်၏ စစ်ရေးရေဒါစခန်းများနှင့် ဒုံးကျည်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့သည်။ အထူးသဖြင့် ကူဝိတ်ရှိ အမေရိကန် ဒုံးကျည်ပစ်လွှတ်စင် နှစ်ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း IRGC က ကြေညာခဲ့သည်။ ပဋိပက္ခများကြောင့် ဘာရိန်းနိုင်ငံတွင် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး ဂျော်ဒန်နိုင်ငံ၏ လေပိုင်နက်ထဲသို့ ရောက်ရှိလာသည့် ဒုံးကျည် ၄ စင်းကိုလည်း ကြားဖြတ်ဖျက်ဆီးခဲ့ရသည်။

     ကမ္ဘာ့စွမ်းအင်ပို့ကုန်၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားအား ထိန်းချုပ်ရေးကိစ္စသည် ယခုပဋိပက္ခ၏ အဓိကဗဟိုချက်ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲမတိုင်မီ စွမ်းအင်စျေးနှုန်းများကို လျှော့ချရန် ကြိုးပမ်းနေသော်လည်း အီရန် ဘက်ကမူ ၎င်းတို့၏ ရေပိုင် နက်နှင့် နီးကပ်သော လမ်းကြောင်းကိုသာ သင်္ဘောများ သွားလာစေရန် တင်းကျပ်ထားသည်။ 

    အီရန်သည် အိုမန်ကမ်းရိုးတန်းနှင့် ပိုမိုနီးကပ်သော တောင်ဘက်လမ်းကြောင်းကို အသုံးပြုသည့် သင်္ဘောများကို အကြိမ် ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ တနင်္လာနေ့က Kpler သင်္ဘောပို့ဆောင်ရေး အချက်အလက်များအရ ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသည့် သင်္ဘောသွားလာမှုမှာ ငါးပတ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားကြောင်း ပြသခဲ့သည်။                   

    ပြီးခဲ့သည့်သီတင်းပတ်က ထရမ့်သည် အပစ်အခတ် ရပ်စဲရေးမှာ ပြီးဆုံးပြီဟု ကြေညာခဲ့သော်လည်း သောကြာ နေ့တွင်မူ နှစ်ဖက်စလုံးက ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် သဘော တူညီခဲ့ကြကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

     လက်ရှိတွင် ရေလက်ကြားမှတစ်ဆင့် သင်္ဘောသွားလာမှုမှာ ငါးပတ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ပြီး၊ အပစ်အခတ်ရပ်စဲရေးမှာလည်း ဆက်လက်ထိန်းသိမ်းရန် ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနေသည်။ 

             
Telegram»… https://t.me/positiveanglenews

#PAN