(မှုခင်း) ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊ ပြည်မြို့နယ်၊ပေါင်းတလည်မြို့ ၊ဆင်မြီးဆွဲလမ်းတွင် ဇူလိုင်လ ၁၃ ရက် နံနက်၁၀ နာရီ ၄၇ မိနစ်အချိန်ခန့်က လမင်း ဆန်စက်မီးလောင်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်သည့်နေရာသို့ ပြည်မြို့ဗဟိုမီးသတ်ယာဉ်များနှင့် ပေါင်းတလည်မြို့ မီးသတ်ယာဉ်(၅) စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ် (၁)စီး၊ ဂရုဏာသိဒ္ဓိ ပရဟိတအသင်းမှ ရေသယ်ယာဉ် (၁)စီးဖြင့် ဒေသခံပြည်သူများ ပူးပေါင်းငြိမ်းသတ်ခဲ့ရာ နံနက်၁၁ နာရီကျော်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုအား သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
