မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေကို ထင်ဟပ်မှုမရှိသည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံ ပြတ်သားစွာ ပယ်ချ    

(ပြည်တွင်း) ဇူလိုင် ၁၀                             

    ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၈ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ ၏ (၆၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် ဦးတည်၍ ဆွေးနွေးခြင်းနှင့် ဆုံး ဖြတ်ချက်အဆိုများ ချမှတ်ခဲ့ခြင်းသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင် ရွက်မှုမူများနှင့် ဆန့်ကျင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ 

    အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် အိုအိုင်စီ (OIC) က တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုတို့ကို မြန်မာနိုင်ငံ၏ ပါဝင်မှုမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီ ရင်ခံစာများသည် ယခင်က တင်ပြခဲ့သည့် အခြေအမြစ် မရှိသော စွပ်စွဲချက်များကိုသာ ထပ်တလဲလဲ ဖော်ပြထားပြီး၊ မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေကို ထင်ဟပ်နိုင်ခြင်းမရှိကြောင်း သုံးသပ်ထားသည်။ အထူးသဖြင့် ရခိုင် ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် ပတ် သက်၍ မြစ်ဖျားခံရာ အကြောင်းရင်းများကို ဖော်ပြရန် ပျက် ကွက်ခြင်းမှာ ပြဿနာကို စိတ်ရင်းမှန်ဖြင့် ဖြေရှင်းလိုမှု မရှိခြင်းကို ပြသနေကြောင်း ထောက်ပြထားသည်။      

      ရခိုင်ပြည်နယ်မြောက်ပိုင်း တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံသဘောတူစာချုပ်များအရ စိစစ်ပြီးစီးသူများကို ပြန်လည်လက် ခံရန် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော နိုင်ငံရေးဆန္ဒရှိကြောင်း၊ လက်ရှိအချိန်တွင် နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်များ ကြန့်ကြာနေခြင်းမှာ AA အကြမ်းဖက်အဖွဲ့ ၏ တိုက်ခိုက်မှုများကြောင့်သာဖြစ်ကြောင်း ဖော်ပြထားသည်။

    နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ်ဖြစ်သည်နှင့်အညီ၊ ပြည် ထောင်စုအစိုးရ၏ ရက် ၁၀၀ စီမံကိန်းကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစဉ်တစိုက် ဖိတ်ခေါ်လျက်ရှိသည်။ အဆိုပါ ကြိုးပမ်းချက်များကြောင့် လက်ရှိအချိန်ထိ PDFs အဖွဲ့ဝင်များအပါအဝင် အင်အား ၄,၀၀၀ ကျော် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို “မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်” ဖြင့်သာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် ဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက်အဆိုများသည် အပြု သဘောဆောင်သည့် ဆွေး နွေးမှုများကို အထောက်အကူမပြုသည့်အတွက် အစဉ်တစိုက် ဆန့်ကျင်ကြောင်းနှင့် OIC ၏ ဆုံးဖြတ်ချက်အဆိုကို ပြတ်သားစွာ ခြွင်းချက်မရှိ ပယ်ချလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။                   

Telegram»… https://t.me/positiveanglenews

#PAN