(ပြည်တွင်း) နိုဝင်ဘာ ၁
၂၀၂၆ ခုနှစ် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို မူလသတ်မှတ်ထားသည့်ရက်ထက် ၂ ရက်စော၍ နိုဝင်ဘာ ၁၆ ရက်တွင် စတင်ဖွင့်လှစ်ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆုံးဖြတ်ချက်ကို ယနေ့ နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် တန်ဆောင်တိုင်ပွဲတော်ဆိုင်ရာ အစည်းအဝေး၌ ချမှတ်ခဲ့ခြင်းဖြစ်ပြီး လွှတ်တင်ယှဉ်ပြိုင်မည့် မီးပုံးပျံအရေအတွက် များပြားလာခြင်းကြောင့် ပွဲတော်ကာလကို ၂ ရက်တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစီအစဉ်အရ မီးပုံးပျံပြိုင်ပွဲများကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် နေ့လွှတ်မီးပုံးပျံများကို ဖွင့်ပွဲမတိုင်မီ နိုဝင်ဘာ ၁၃ ရက်မှစတင်၍ ယှဉ်ပြိုင်လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်မီးပုံးပျံအမျိုးအစားဖြစ်သည့် ခြေနှစ်ချောင်း ၂၃၆ လုံး၊ ခြေလေးချောင်း ၁၃၈ လုံးနှင့် အုပ်စု ၇၅ လုံး၊ ညလွှတ်မီးပုံးပျံအမျိုးအစားဖြစ်သည့် ညမီးကြီး ၇၁ လုံးနှင့် စိန်နားပန် ၄၁ လုံး၊ စုစုပေါင်း မီးပုံးပျံ ၅၆၁ လုံး ပါဝင်ယှဉ်ပြိုင်လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN