မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ မိတ္ထီလာမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဆွေးနွေး

(ပြည်တွင်း) နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နိုဝင်ဘာ ၁ ရက်တွင် တွေ့ဆုံကာ လွှတ်တော်လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီ ၄၅ မိနစ်အထိ မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မိတ္ထီလာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအပါအဝင် စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ဦးအောင်ကျော်မိုးက နှုတ်ခွန်းဆက်စကားပြောကြားကာ တိုင်းဒေသကြီးလွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များနှင့် လွှတ်တော်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ကြရာ ဦးအောင်ကျော်မိုးက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN