(မှုခင်း) နိုဝင်ဘာ ၁
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ စီးတော်မြင်းဝန်ကျောင်းတိုက်အတွင်း ယနေ့ နိုဝင်ဘာ ၁ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျောင်းတိုက်အတွင်း ရပ်နားထားသည့် မော်တော်ယာဉ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီ ၃၇ မိနစ်ခန့်က မဟာအောင်မြေမြို့နယ်၊ ၇၁ (ဘီ) လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြားရှိ စီးတော်မြင်းဝန်ကျောင်းတိုက်အတွင်း စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုသတင်းရရှိပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက Level 1 ယာဉ်အုပ်စုအဆင့်ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြပြီး ဒေသခံလူမှုကူညီရေးအသင်းအချို့ကလည်း အရေးပေါ်ရေဘောက်ဆာယာဉ်များနှင့် ကယ်ဆယ်ရေးယာဉ်များဖြင့် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များ၏ ကြိုးပမ်းငြှိမ်းသတ်မှုကြောင့် နံနက် ၁ နာရီ ၅၂ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ကျောင်းတိုက်အတွင်း ရပ်နားထားသည့် မော်တော်ယာဉ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းကို မီးသတ်ဌာနက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN