(ပြည်တွင်း)ဇူလိုင် ၁၀
ကချင်ပြည်နယ်အတွင်း ပြည်သူများ၏ သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေး အဆင်ပြေစေရန် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ခရီးတိုရထားလမ်းကြောင်းကို အမှတ် (၄၉) အဆန်နှင့် အမှတ် (၅၀) အစုန် ရထားများဖြင့် ဇူလိုင် ၂၁ ရက်မှစတင်ကာပုံမှန်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇူလိုင် ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး၊ လမ်းပိုင်းတစ်လျှောက် လုံခြုံရေးကိုလည်း အပြည့်အဝ ဆောင်ရွက်ထားကြောင်း သိရသည်။
ရထားလမ်းပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မိုးကောင်း-မိုးညှင်း ရထားလမ်းပိုင်း ၅၂ ဒသမ ၂၅ မိုင်အား သံလမ်းပြုပြင်ခြင်း၊ တံတားများ အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများ ပြန်လည်မွမ်းမံခြင်းနှင့် ရထားလမ်းဘေး သန့်ရှင်းရေးလုပ်ငန်းများကို ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
င်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သံလမ်းနဲ့ တံတားတွေကို သတ်မှတ်ရက်အမီ အရှိန်အဟုန်နဲ့ ပြုပြင်ဆောင်ရွက်ခဲ့ပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး ပိုမိုလွယ်ကူလာစေရန် ပြည်သူတွေ ခရီးသွားလာရေး အဆင်ပြေစေဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်ကြောင်း သိရသည်။
ဒေသခံများကလည်း ရထားပြန်လည်ပြေးဆွဲမည်ကို ကြိုဆိုနေကြပြီး၊ မိုးကောင်းမြို့မှ ကုန်မျိုးစုံဖြန့်ချီရေးလုပ်ငန်းရှင်တစ်ဦးက ရထားလမ်းသည် ဒေသကုန်စည်စီးဆင်းရေးအတွက် အရေးပါသည့် လမ်းကြောင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးစရိတ် သက်သာစေမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့မှ ဒေသခံများကလည်း ဘူတာရုံအနီး စီးပွားရေးလုပ်ငန်းများ၊ ဈေးသည်များနှင့် ကုန်တင်ကုန်ချ အလုပ်သမားများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများ ပြန်လည်တိုးတက်လာနိုင်ကြောင်း မျှော်လင့်ထားသည်ဟု သိရသည်။
မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ် ရပ်နားထားခဲ့သည်မှာ ခြောက်နှစ်နီးပါးရှိခဲ့ပြီး ယခုအခါ သက်ဆိုင်ရာ လမ်းပိုင်းများကို အဆင့်လိုက် ပြန်လည်ဖွင့်လှစ်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ခရီးတိုရထား ပြန်လည်ပြေးဆွဲခြင်းသည် ဒေသတွင်း ခရီးသွားလာရေး၊ ကုန်စည်စီးဆင်းရေးနှင့် ဒေသစီးပွားရေး ပြန်လည်အသက်ဝင်လာစေရန် အထောက်အကူပြုမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
Telegram – t.me/positiveanglenews