(မှုခင်း) ဇူလိုင် ၈
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ စူဠာမုနိဘုရားရင်ပြင်ပေါ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် အရောင်းအဝယ်ပြုလုပ်သူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၈ ရက်၊ နံနက်ပိုင်းက စူဠာမုနိ ဘုရား ရင်ပြင်ပေါ်၌ လိုင်စင်မဲ့ယာဉ် အရောင်းအဝယ် ပြုလုပ်နေကြောင်း သတင်းအရ တောင်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သွားရောက် စစ်ဆေးရာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ သပြေ လမ်းနေ ခွန်လှဖြူ အား NISSAN ALMERA အမျိုးအစား အဖြူရောင် မော်တော်ယာဉ်နှင့် အတူ တွေ့ရှိရပြီး ယာဉ်နှင့် ပတ်သက်၍ အထောက်အထား တစ်စုံတရာ တင်ပြနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လိုင်စင်မဲ့ယာဉ် အရောင်းအဝယ် ပြုလုပ်သူ ခွန်လှဖြူ အား တောင်ကြီးမြို့မရဲစခန်း၌ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ – ၈ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

#PAN