အီရန်ပစ်မှတ် ၈၀ ကျော်ကို အမေရိကန် ဒုတိယလှိုင်းအဖြစ် ထပ်မံဗုံးကြဲ၊ အပစ်ရပ်ရေးစာချုပ် (MoU) ပျက်ပြားပြီးနောက် ခါ့ခ်ကျွန်းကို သိမ်းပိုက်မည်ဟု ထရန့် ခြိမ်းခြောက်

(နိုင်ငံတကာ) ဇူလိုင် ၉

    အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းက ချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေး နား လည်မှုစာချွန်လွှာ (MoU)မှာ လုံးဝပျက်ပြားလုနီးပါး ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ အမေရိကန်စစ်တပ်က အီရန်နိုင်ငံအပေါ် ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှုများ ပြု လုပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အီရန်အပေါ် “ဒုတိယလှိုင်း” အဖြစ် နောက်ထပ် စစ်ရေးအရ ပြင်းထန်သော တိုက်ခိုက်မှုများကို ထပ်မံလုပ်ဆောင်နေကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

     အမေရိကန်စစ်တပ်၏ ဗဟိုစစ်ဌာနချုပ် (CENTCOM) ၏ အဆိုအရ ယခုတိုက်ခိုက်မှုများသည် သမ္မတ ဒေါ်နယ်ထရန့်၏ တိုက်ရိုက်ညွှန်ကြားချက်အရ ဖြစ်ပြီး ဟော်မုဇ်ရေ လက်ကြားအတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ခြိမ်းခြောက်နေသည့် အီရန်၏ စစ်ရေးစွမ်းဆောင်ရည်ကို အမြစ်ဖြတ်ရန် ဖြစ်ကြောင်း ဆိုသည်။  

       အမေရိကန်၏ ဒုတိယလှိုင်း တိုက်ခိုက်မှုများသည် အီရန်အရှေ့တောင်ပိုင်းရှိ အီရန်ရှာဟာ (Iranshahr) လေဆိပ်၊ ဘန်ဒါအာဘတ်စ် (Bandar Abbas) ဆိပ်ကမ်းမြို့၊ ကိုနာရတ်ခ်၊ ချာဘာဟာနှင့် ဘူရှဟာမြို့များအပြင် အရှေ့မြောက်ပိုင်းရှိ အာ့ခ်ကာလာ (Aq Qala) မြို့ရှိ ရထားလမ်းတံတားတစ်စင်းတို့ကိုပါ ပစ် မှတ်ထားခဲ့သည်။ အဆိုပါ ဗုံးကြဲမှုများကြောင့် အီရန်ရှာဟာလေ ဆိပ်မှ မီးသတ်သမားတစ်ဦး သေဆုံးခဲ့ရပြီး နှစ်ဖက်စစ်တပ်မှ သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာခဲ့သည်။

     နှစ်နိုင်ငံအကြား စစ်မီးပြန်တောက်ရခြင်း၏ အဓိကအချက်မှာ MoU ပါ အပိုဒ် ၅ အပေါ် အနက်ဖွင့်ဆိုချက် ကွဲလွဲခြင်းကြောင့် ဖြစ်သည်။ အီရန်ဘက်က ဟော်မုဇ်ရေ လက်ကြားကို ဖြတ်သန်းသွားလာမည့် သင်္ဘောများကို စစ်ဆေးပိုင်ခွင့်နှင့် ထိန်း ချုပ်ပိုင်ခွင့် မိမိတို့တွင်သာ ရှိသည်ဟုဆိုကာ ခွင့်ပြုချက်မရသော သင်္ဘော ၃ စီးကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။                

     သို့သော် အမေရိကန်နှင့် ပင်တဂွန်စစ်ဌာနချုပ်က ယင်းရေ လမ်းကြောင်းသည် နိုင်ငံတကာပိုင်ဖြစ်ပြီး အနှောင့် အယှက်မရှိ ဖြတ်သန်းခွင့်ပေးရမည်ဟု တုံ့ပြန်ခဲ့ကာ ပစ်မှတ် ၈၀ ကျော်ကို တိကျသေချာသည့် ခဲယမ်း မီးကျောက်များဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။                  

     တူရကီနိုင်ငံ နေတိုး (NATO) ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိနေသည့် သမ္မတထရန့်က အပစ်ရပ်ရေးသည် “ပြီးဆုံးသွားပြီ” ဟု ဆိုကာ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် ဖွဲ့ (IRGC) ၏ လှေအစောင် ၆၀ ကျော်ကို အမေရိကန်က ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

     ထို့အပြင် အီရန်ရေနံစိမ်းတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်နေသည့် မဟာဗျူဟာမြောက် ခါ့ခ်ကျွန်း (Kharg Island) ကို အမေရိကန်တပ်ဖွဲ့များက “သိမ်းပိုက်နိုင်သည်” ဟု ပြင်းထန်စွာ ခြိမ်းခြောက်လိုက်သည်။ ယခုစစ်ရေးအရှိန် မြင့်တက်လာမှုကြောင့် ကမ္ဘာ့စွမ်းအင်စျေးကွက်တွင် ဘရန့် (Brent) ရေနံစိမ်းစျေးနှုန်းသည် ၅ ရာခိုင်နှုန်းကျော် ချက်ချင်းမြင့်တက်သွားခဲ့သည်။ 

       ထရန့်၏ နိုင်ငံရေးပြိုင်ဘက် အထက်လွှတ်တော်အမတ် ဘာနီ ဆန်းဒါးစ်က ယခုစစ်ပွဲသည် အခွန်ထမ်းပြည်သူ့ငွေများကို ဖြုန်း တီးရာရောက်သည်ဟု ဝေဖန်ခဲ့သော်လည်း၊ ထရန့်အစိုးရကမူ အီရန်ဘက်က ထပ်မံရန်စလာပါက ယခုထက်မက ပိုမိုဆိုးရွားသည့် စစ်ရေးအရေးယူမှုများ၊ လျှပ် စစ်နှင့် ရေပေးဝေရေးစက်ရုံများကိုပါ ဗုံးကြဲမှုများ ပြုလုပ်သွားမည်ဟု သတိပေးထားသည်။                       

Telegram»…
https://t.me/positiveanglenews

#PAN