စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်သမား ၁၀,၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်သည်ဆိုသည့် သတင်းကို STUM က အတည်မပြုနိုင်သေး

(စီးပွားရေး) အောက်တိုဘာ ၂၀

လတ်တလော စက်ရုံပိတ်သိမ်းမှုများကြောင့် အလုပ်သမား ၁၀,၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) ထံသို့ လက်ရှိတွင် သာဓုကန်စက်မှုဇုန်ရှိ Sunrise အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှုတစ်ခုအတွက်သာ အလုပ်သမားများက အကူအညီတောင်းခံထားကြောင်း STUM က အောက်တိုဘာ ၁၉ ရက်တွင် ရှင်းလင်းထုတ်ပြန်ခဲ့သည်။

အလုပ်သမား ၁၀,၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်သွားကြောင်း ဖော်ပြသည့် သတင်းများနှင့်ပတ်သက်၍ STUM ထံ မေးမြန်းစုံစမ်းမှုများ ရောက်ရှိလာသဖြင့် ယခုကဲ့သို့ ရှင်းလင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

STUM ၏ ထုတ်ပြန်ချက်အရ သာဓုကန်စက်မှုဇုန်ရှိ Sunrise အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှုနှင့်ပတ်သက်၍ အလုပ်သမားများထံမှ အကူအညီတောင်းခံမှု ရှိခဲ့ပြီး အဆိုပါစက်ရုံပိတ်သိမ်းမှုသည် တည်ဆဲဥပဒေများနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိကို အလုပ်သမားများနှင့် တွေ့ဆုံမေးမြန်းကာ စိစစ်လျက်ရှိကြောင်း ဖော်ပြထားသည်။

Telegram – t.me/positiveanglenews

#PAN