(ပြည်တွင်း) ဇူလိုင် ၈
စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကိုင်းခရိုင် PDF တပ်ရင်း ၂၊ တပ်ခွဲ ၄ စခန်းတွင် ဘဏ္ဍာရေးမှူး ဒေါင်းနီအား တပ်ခွဲမှူးဖြစ်သူက ပစ်သတ်ခဲ့ပြီးနောက် မိမိကိုယ်ကို ပြန်ပစ်ခဲ့သဖြင့် ဆေးကုသနေရကြောင်း သိရသည်။
ဇူလိုင်လ ၃ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က အကြမ်းဖက်PDFတပ်ခွဲ ၄ စခန်းအတွင်းရှိ နေအိမ်တလုံးတွင် ဘဏ္ဍာရေးမှူး ဒေါင်းနီနှင့် တပ်ခွဲမှူး ညိုချောတို့ စကားများခဲ့ပြီးနောက် ညိုချောက ဒေါင်းနီ၏ ဦးခေါင်းအ ပစ္စတိုသေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင်း ဒေါင်းနီ၏ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း၊ အကြမ်းဖက်PDFများက သေနတ်သံကြားသဖြင့် ထွက်ကြည့်ခဲ့ရာ ညိုချောသည် သူခေါင်းကိုသူပစ်သည့်အချိန် တခြားPDFများက တားလိုက်ရာ ကျည်ဆံကဦးခေါင်းအတွင်း ဝင်သွားခြင်းမရှိကြောင်း သိရသည်။
အဆိုပါ ပစ်သတ်ခံရသည့် ဘဏ္ဏာရေးမှူးဒေါင်းနီနှင့်တပ်ခွဲမှူးညိုချောတို့သည် လူမှုရေးကိစ္စအချို့လည်းပတ်သက်မှုရှိနေကြောင်း ဒေါင်းနီ၏ နာရေးအား ဇူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

#PAN