(မှုခင်း) ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး ၊ စဉ့်ကူးမြို့နယ်၊ရွှေဂုံတိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးနှင့် ကျေးရွာတာဝန်ခံနှစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
ယနေ့ နံနက်၅နာရီ၂၅မိနစ်အချိန်က စဉ့်ကူးမြို့နယ်၊ရွှေဂုံတိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးအောင်ဆန်းမင်း၊ ၅၄နှစ်၊(ဘ)ဦးဉာဏ်ဝန်နှင့် ရွှေဒုံးကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးဇော်သန်း၊၄၅နှစ်၊(ဘ)ဦးရေး(စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ပါတီကော်မတီဝင်)တို့သည် ရွှေဂုံတိုင် ကျေးရွာရှိ လပြည့်ဝန်း လက်ဖက် ရည်ဆိုင်တွင် ရောက်ရှိနေစဉ် အမည်မသိ PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၅ဦးသည် စက်လှေဖြင့် ရောက်ရှိလာပြီး အသင့်ပါလာသည့် သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။
အဆ်ုပါ အကြမ်းဖက်PDFအဖွဲ့၏ပစ်ခတ်မှုကြောင့် ဦးဆောင်ဆန်းမင်းနှင့်ဦးဇော်သန်းတို့သည် သေနတ်ထမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ဖြစ်စဉ်ဖြစ်ပွားသည့် နေရာသို့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ ရောက်ရှိစစ်ဆေးခဲ့ပြီး အကြမ်းဖက် PDF များအား လိုက် လံရှင်းလင်း လျက်ရှိကြောင်း သိရသည်။

#PAN