မုဒုံမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ခရီးသွားလာသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကျည်ထိမှန်ဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၁၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ခရီးသွားလာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက် ည ၇ နာရီခန့်က မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာမှ ဖြစ်စဉ်ကို သိရှိခဲ့ရခြင်းဖြစ်သည်။

စိစစ်ချက်များအရ ထိုနေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာနေ ကိုထက်မြတ်ဝင်း(ခ)စနေဦး၊ အသက် ၂၂ နှစ်သည် နိုင်လှုံကျေးရွာမှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကနာလိုကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် နိုင်လှုံကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာသို့ ရောက်ရှိချိန်တွင် အကြမ်းဖက်အဖွဲ့ ၏ သေနတ်ဖြင့် ပစ်ခတ်မှုခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ကိုထက်မြတ်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN