
(ပြည်တွင်း) ဇွန် ၂၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာမှာ မြေစာပုံ ပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နမ့်မှော်ရွာက ကျောက်စိမ်းလုပ်ကွက်တစ်ခုဖြစ်တဲ့ သုံးသိန်းမှော် မြေစာပုံဟာ ဇွန်လ ၂၈ ရက်နေ့ မနေ့က မနက်ပိုင်းမှာ မိုးအဆမတန်ရွာသွန်းပြီး မိုးရေကြီးမှုကြောင့် ပြိုကျခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရေမဆေးကျောက်ရှာဖွေနေသူတွေ ကျောက်ရှာဖွေနေစဉ်မှာ မြေစာပုံပြိုကျခဲ့တာကြောင် ရေမဆေးသမား ၇ ဦး မြေစာပုံပိပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာက ကျောက်စိမ်း လုပ်ကွက်တစ်ခုမှာ မြေစာပုံပြိုကျခဲ့လို့ ကျောက်စိမ်းကုမ္ပဏီတစ်ခုက ဝန်ထမ်း ၅ ဦး မြေစာပုံပိပြီး သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ်မှာ မြေစာပုံအဟောင်းတွေကြား ရေမဆေးကျောက်ရှာဖွေသူတွေမှာ မြေစာပြိုကျလို့ သေဆုံးနေရတဲ့ ဖြစ်စဉ်တွေဟာလည်း နှစ်စဉ်နှစ်တိုင်း ရှိနေတာဖြစ်ပါတယ်။