
(နိုင်ငံတကာ) ဇွန် ၂၉
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့ရှိ စစ်ဘက်စခန်းတစ်ခု တိုက်ခိုက်ခံရမှုအပေါ် လက်စားချေသည့်အနေဖြင့် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက အာဖဂန်နစ္စတန်နယ်စပ်တစ်လျှောက်တွင် အကြီးစားမြေပြင်စစ်ဆင်ရေးနှင့် လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လက်နက်ကိုင်တိုက် ခိုက်ရေးသမား ၂၉ ဦး သေဆုံးသွားကြောင်း အရာရှိများက အတည်ပြုပြောကြားလိုက်သည်။
ပြီးခဲ့သည့် စနေနေ့က ကရာချိ (Karachi) ဆိပ်ကမ်းမြို့ရှိ ပါကစ္စတန်ရဲတပ်ဖွဲ့ (Rangers) ဒေသဆိုင်ရာဌာနချုပ်ကို ပါကစ္စတန်တာလီဘန် (TTP) မှ ခွဲထွက်သွားသည့် အဖွဲ့ခွဲတစ်ခုဖြစ်သော ဂျာမတ်-အူလ်-အာရာ (Jamaat-ul-Ahrar)အဖွဲ့က သေ နတ်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြင့် ဝင်ရောက်စီးနင်းခဲ့သဖြင့် ပါကစ္စတန်စစ် သား ၃ ဦး သေဆုံးခဲ့သည်။
ထိုဖြစ်စဉ်တွင် သေဆုံးသွားသည့် တိုက်ခိုက်သူတစ်ဦးမှာ အာဖဂန်နစ္စတန်နိုင်ငံသားဖြစ်ကြောင်း ပါကစ္စတန်စစ်ဘက်က ဖော် ထုတ်နိုင်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို တုံ့ပြန်ရန် ပါကစ္စတန်အစိုးရသည် အာဖဂန်နစ္စတန်အရှေ့ပိုင်းရှိ ပက်တီးယား၊ ပက်တီကာနှင့် ကူနာ ပြည်နယ် ၃ ခုအတွင်းရှိ TTP လက်နက်ကိုင်တို့၏ အမာခံပုန်းအောင်းရာ စခန်း ၃ ခုကို တိကျသေချာသည့် လေကြောင်းဗုံးကြဲမှုများအပြင် မြေပြင်စစ်ကြောင်းများဖြင့်ပါ ထိုးစစ်ဆင်ချေမှုန်းခဲ့ခြင်း ဖြစ်သည်။ ယင်းလုပ်ရပ်နှင့် ပတ်သက်၍ အာဖဂန်နစ္စတန် တာလီဘန်အစိုးရဘက်ကမူ ချက်ချင်းတုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စတင်ခဲ့ပြီး အစ္စလာမ်မာဘတ်ဘက်က “ပွင့် လင်းစစ်ပွဲ (Open War)” ဟု တင်စားခဲ့သည့် နယ်စပ်ဖြတ်ကျော်စစ်ပွဲ၏ နောက် ဆက်တွဲဖြစ်ကာ၊ တစ်လခန့် ငြိမ်သက် နေသည့် အခြေအနေကို အဆုံးသတ်လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် နှစ်ဖက်ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံကာ ပဋိပက္ခမကြီးထွားစေရန် ကြားဝင်စေ့စပ်ပေးခဲ့သော်လည်း ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးကို မဖော်ဆောင်နိုင်ခဲ့ဘဲ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်သည်။
ပါကစ္စတန်အစိုးရက ၎င်းတို့နိုင်ငံအတွင်း ရဲများနှင့် လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားကာ လူပေါင်းရာနှင့်ချီ သေဆုံးစေခဲ့သည့် သွေးထွက်သံယိုတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် အာဖဂန်တာလီဘန်အစိုးရက TTP တိုက် ခိုက်ရေးသမားများကို ခိုလှုံ ခွင့်ပေးထားသည်ဟု ပြစ်တင်စွပ်စွဲထားသော်လည်း၊ ကဘူးလ် (Kabul) အစိုးရဘက်ကမူ ၎င်းတို့တွင် တာဝန်မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုထားသည်။
ယခုနောက်ဆုံး စစ်ဆင်ရေးကြောင့် အစ္စလာမ်မာဘတ်နှင့် ကဘူးလ်တို့အကြား တင်းမာနေသည့် သံတမန်ရေးနှင့် စစ်ရေးဆက်ဆံရေးမှာ ပိုမိုဆိုးရွားပြိုလဲသွားဖွယ်ရှိကြောင်း နိုင်ငံတကာလေ့လာသူများက သုံးသပ်နေကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN