သင်္ဘောကျင်းအနီး သင်္ဘောကိုယ်ထည်အတွင်း မီးလောင်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက် ကမ်းနားလမ်းရှိ ချင်းတွင်းသင်္ဘောကျင်းအနီး ချင်းတွင်းမြစ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်နေသည့် သင်္ဘောတစ်စီး၏ ကိုယ်ထည်အတွင်း မီးခိုးများထွက်ပေါ်မှု ယနေ့ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုသတင်းအရ မုံရွာခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN