
(ပြည်တွင်း)ဇွန် ၂၉
မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း နေရပ်သို့ ပြန်လည်ရောက်ရှိလာသည့် စစ်ရှောင်ပြည်သူများ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အရေးပေါ်အကူအညီများ ဆက်လက်ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်ရှိ ထန်းပင်ကုန်းနှင့် ဘိုကုန်းကျေးရွာတို့မှ အိမ်ထောင်စု ၇၉၅ စုအား တစ်လစာစားနပ်ရိက္ခာ၊ အိမ်သုံးပစ္စည်းများ၊ မိုးကာ၊ ကြိုး၊ ရေစစ်အိုးတို့ကို ထောက်ပံ့ပေးခဲ့သည့်အပြင် ကျေးရွာနှစ်ရွာလုံးတွင် ဆိုလာစွမ်းအင်သုံး လမ်းမီးတိုင်များ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ICRC ၏ အဆိုပါထောက်ပံ့ရေးအစီအစဉ်ကို ၂၀၂၆ ခုနှစ် မတ်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့ရှိစစ်ဘေးသင့်တောင်သူများအတွက် စပါးမျိုးသန့်နှင့် မြေဆီများကိုလည်း ကူညီပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် နေရပ်ပြန်လာသူအများစုမှာ အိုးအိမ်နှင့် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရန် အခက်အခဲများရှိနေဆဲဖြစ်ပြီး သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆက်လက်လိုအပ်နေကြောင်း သိရသည်။