ခွင့်ပြုချက်မရှိဘဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခြင်းမပြုရန် အီရန် သတိပေး၊ ကုလသမဂ္ဂနှင့် အိုမန်နိုင်ငံတို့ ဖော်ဆောင်သည့် ဟော်မုဇ်ရေလက်ကြား လမ်းကြောင်းသစ်ကို အပြင်းအထန် ရှုတ်ချ   

(နိုင်ငံတကာ) ဇွန် ၂၆      

     ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြောဖြစ်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)အတွင်း မိမိတို့၏ ခွင့်ပြု ချက်မရှိဘဲ ဖြတ်သန်းမောင်းနှင်ခြင်း မပြုရန်နှင့် လိုက်နာမှုမရှိသည့် ကုန်သွယ်ရေးသင်္ဘောများကို ပြတ်ပြတ်သားသား အရေး ယူသွားမည်ဖြစ်ကြောင်း အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့ (IRGC)က ကြာသပတေးနေ့တွင် တရားဝင် ခြိမ်းခြောက်သတိ ပေးလိုက်သည်။                     

     အမေရိကန်နှင့် အီရန်တို့အကြား ရက်ပေါင်း ၁၀၀ ကျော်ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း အီရန်က ပိတ်ဆို့ထားခဲ့သည့် အဆို ပါ ရေလက်ကြားကြီးကြပ်မှုအာဏာနှင့် ပတ်သက်၍ နှစ်ဖက်အပြီးသတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေချိန်တွင် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

     ယခုသတိပေးချက်သည် လိုက်ဘေးရီးယားနိုင်ငံအလံလွှင့်ထူထားသည့် “စတိုးအစ် ဝါရီယာ (The Stoic Warrior)”အမည်ရှိ အကြီးစားရေနံတင်သင်္ဘောတစ်စင်းက ကုလသမဂ္ဂအောက်ရှိ နိုင်ငံတကာရေကြောင်းအဖွဲ့ (IMO) နှင့် အိုမန်နိုင်ငံတို့ ပူးတွဲချ မှတ်ထားသည့် လမ်းကြောင်းသစ်အတိုင်း အီရန်၏ ထိန်းချုပ်မှုကို ကျော်လွှားကာ ကြာသပတေးနေ့နံနက်ပိုင်းတွင် ဖြတ်သန်းမောင်းနှင်သွားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။             

     အဆိုပါ လမ်းကြောင်းသစ်သည် အာရပ်စော်ဘွားများပြည် ထောင်စု (UAE) နှင့် အိုမန်နိုင်ငံ၏ မူဆန်ဒမ်ကျွန်း ဆွယ် (Musandam Peninsula) ကမ်းခြေများနှင့် နီးကပ်စွာ ဖော်ဆောင်ထားခြင်းကြောင့် အီရန် IRGC တပ်ဖွဲ့၏ စစ်ဆေးရေးနှင့် ထိန်းချုပ်မှုစင်္ကြံကို ဘေးဖယ်ထားသလို ဖြစ်နေသည်။          

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က “ဟော်မုဇ်ရေလက် ကြားကို ဖြတ်သန်းဖို့ တစ်ခုတည်းသော တရားဝင်လမ်း ကြောင်းကတော့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံက ထုတ်ပြန်ထားတဲ့ လမ်းကြောင်းပဲဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းတာဟာ အလွန်အမင်း အန္တရာယ်များပါတယ်” ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

     ပဋိပက္ခ၏ အဓိကအချက်မှာ အီရန်က ကမ္ဘာ့ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ၂၀ ရာခိုင်နှုန်းခန့် ဖြတ် သန်းရာ ၎င်းကျဉ်းမြောင်းသော ရေပြင်ကြီးတွင် နောင်တွင် “ရေကြောင်းဝန်ဆောင်မှုကြေး” အမည်ဖြင့် အခကြေးငွေကောက်ခံရန် ပြင် ဆင်နေပြီး၊ အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ကမူ ၎င်းရေပြင်သည် နိုင်ငံတကာရေပိုင်နက်ဖြစ်သဖြင့် ဝါရှင်တန်အနေဖြင့် မည်သည့်ဖြတ်သန်းခမျိုးကိုမဆို လက်ခံမည်မဟုတ်ကြောင်း အပြတ်အသတ် ငြင်းဆိုထားသည်။                        

     ပြီးခဲ့သည့်အပတ်က တေဟီရန်နှင့် ဝါရှင်တန်တို့အကြား ချုပ်ဆိုခဲ့သည့် Ceasefire (အပစ်ရပ်) သက်တမ်းတိုး နား လည်မှုစာချွန်လွှာ (MoU)အရ လာမည့်ရက်ပေါင်း ၆၀ အတွင်း ကုန် သွယ်ရေးသင်္ဘောများ အခမဲ့ဖြတ်သန်းခွင့်ပြုထားသော်လည်း၊ အီရန်အစိုးရကမူ စစ်ပွဲအပြီးသတ်ငြိမ်း ချမ်းရေးစာချုပ်ချုပ်ဆိုနိုင်လျှင်ပင် ၎င်းတို့၏ ဟော်မုဇ်ရေလက်ကြားအပေါ် ထိန်းချုပ်နိုင်စွမ်းရှိသည့် စစ်ရေးအားသာချက်(Leverage)ကို ကမ္ဘာ့စီးပွားရေးနှင့် ပြိုင်ဘက်များအပေါ် ဖိအားပေးရန်အတွက် မည်သည့်နည်းနှင့်မျှ လက် လွှတ်မည်မဟုတ်ကြောင်း အခိုင်အမာဆိုထားသဖြင့် ရှေ့လုပ်ငန်းစဉ်များတွင် ဆက်လက် စောင့်ကြည့်ရမည်ဖြစ် သည်။

Telegram»…
https://t.me/positiveanglenews

#PAN