တောင်ကြီးမြို့တွင် အမျိုးသမီးတစ်ဦး ဓားမြတိုက်လုယက်ခံရပြီး ဆိုင်ကယ်နှင့် ပစ္စည်းများ ပါသွား

(မှုခင်း) ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်နယ်မြေ(၃)ရှိ ရှမ်းကွင်းအနီးတွင် အမျိုးသမီးတစ်ဦး လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၂ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်က အလုပ်မှပြန်လာနေသည့် အမျိုးသမီးသည် ဆိုင်ကယ်မောင်းနှင်၍ နေအိမ်သို့ ပြန်လာစဉ် ကန်ကြီးရပ်ကွက်နယ်မြေ(၃)ရှိ ရှမ်းကွင်းအနီးအရောက်တွင် အမျိုးသားတစ်ဦး၏ ဓားဖြင့် ခြိမ်းခြောက်လုယက်မှုခဲ့ရပြီး၊ ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေသားပါရှိသည့် ပိုက်ဆံအိတ်တို့ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ လုယက်မှုကျူးလွန်သူအား ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ကျူးလွန်သူမှ ဓားဖြင့် တုန့်ပြန်ပြီး လုယက်ယူဆောင်သွားသည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

#PAN