
(နိုင်ငံတကာ) ဇွန် ၁၈
အိန္ဒိယနိုင်ငံအတွင်း စာမေးပွဲမသမာမှုများနှင့် မေးခွန်းပေါက်ကြားမှုများကို တားဆီးရန်အတွက် Telegram မက်ဆင်ဂျာအက်ပ်အား အသုံးပြုခွင့်ကို ယာယီပိတ်ပင်ရန် အိန္ဒိယအစိုးရ၏ အမိန့်ထုတ်ပြန်ချက်အပေါ် Telegram ကုမ္ပဏီက နယူးဒေလီတရားရုံးတွင် တရားရင်ဆိုင် စိန်ခေါ်လိုက်သည်။
ယခုလုပ်ရပ်သည် အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် ပြည်သူများ၏ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် အချိုး အစားမမျှတဘဲ လွန်လွန်ကဲကဲ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးတွင် ချေပခဲ့သည်။
ပြီးခဲ့သည့်လက အိန္ဒိယနိုင်ငံ၏ ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် အဓိကကျသော အမျိုးသားအဆင့် ဘွဲ့ကြိုဝင်ခွင့် စာ မေးပွဲ (NEET) မေးခွန်းများ ကြိုတင်ပေါက်ကြားခဲ့သည်ကို စုံစမ်းတွေ့ရှိခဲ့ပြီးနောက် အစိုးရက အဆိုပါစာမေးပွဲကို ဖျက် သိမ်းခဲ့ရသည်။ ယင်းပေါက်ကြားမှုကြောင့် နိုင်ငံတစ်ဝန်း ကျောင်းသားများ ဆန္ဒပြခဲ့ကြပြီး ပညာရေးဝန်ကြီး ဓါးမေန္ဒရာ ပရာသန် နုတ်ထွက်ပေးရန်အထိ ဖိအားပေးမှုများ ရှိခဲ့သည်။
ယင်းနောက် အစိုးရက စာမေးပွဲမေးခွန်းများကို ကြိုတင်ရရှိထားသည်ဟု ဆိုကာ လိမ်လည်လှုပ်ရှားနေသည့် ချန်နယ်များကို နှိမ်နင်းရန်အတွက် အင်္ဂါနေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် Telegram ကို ယာယီပိတ်ပင်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Telegram ကုမ္ပဏီက ဗုဒ္ဓဟူးနေ့တွင် တရားရုံးသို့ လျှောက် ထားလွှာ တင်သွင်းရာ၌ အစိုးရ၏ လုပ်ဆောင်ချက်သည် အသုံး ပြုသူများ၏ အခြေခံရပိုင်ခွင့်ကို အလွန်အကျွံ ကန့်သတ်လိုက်ခြင်းဖြစ်ပြီး ယခုပိတ်ပင်မှုကို ဆက်လက်ခွင့်ပြုထားမည်ဆိုပါက ဒီဂျစ်တယ်ပလတ်ဖောင်းများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ခွဲခြားမှုမရှိဘဲ ရမ်းသန်းပိတ်ပင်သည့် “အလုံးစုံ ပိတ်ပစ် လိုက်ခြင်း (Blanket Shutdown)” ဘက်သို့ ဦးတည်သွားနိုင်ကြောင်း သတိပေးခဲ့သည်။
ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အစိုးရ၏ ပိတ်ပင်မိန့်သည် စာမေးပွဲမသမာမှုကို အကြောင်းပြသော်လည်း လက် တွေ့တွင် သင်ခန်းစာဖတ်စာညွှန်းများ ရယူရန်နှင့် စာသင်ဝိုင်းအဖွဲ့အစည်းများနှင့် ဆက်သွယ်ရန်အတွက် Telegram ကို အမှီပြုနေရသည့် ကျောင်းသားများနှင့် ပညာရေးဝန် ထမ်း သန်းနှင့်ချီသည့် အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြထားသည်။
Telegram တည်ထောင်သူ ပါဗယ် ဒူရော့ဗ် (Pavel Durov) ကလည်း ယခုပိတ်ပင်မှုသည် စာမေးပွဲမေးခွန်းပေါက်ကြားမှုကို တားဆီးရန် ထိရောက်မှုမရှိကြောင်း မေး ခွန်းထုတ်ခဲ့ပြီး၊ ယခုလုပ်ရပ်သည် “စာမေးပွဲမေးခွန်း ပေါက်ကြားအောင်လုပ်တဲ့ အတွင်းလူတွေ” ကို ထိရောက်စွာ ရှာဖွေအရေးယူမည့်အစား အိန္ဒိယရှိ အပြစ်မဲ့ Telegram အသုံး ပြုသူ သန်း ၁၅၀ ကို အပြစ်ပေးရာရောက်နေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
လက်ရှိတွင် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ အစိုးရကမူ ၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ ပြည်သူ့အကျိုးစီးပွားအတွက်သာ လုပ် ဆောင်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသော် လည်း၊ လူ့အခွင့် အရေးနှင့် ဒီဂျစ်တယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူများကမူ အစိုးရ၏ ယခုဥပဒေကျင့်သုံးပုံ သည် ပြည်သူများ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို နှိပ်ကွပ်ရန် ဖြစ်လာနိုင်ကြောင်း စိုးရိမ်လျက်ရှိကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN