နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်၏ အာကာသနည်းပညာ ဖွံဖြိုးတိုးတက်မှုများကို လေ့လာ

(ပြည်တွင်း)ဇွန် ၁၅

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြိုရှိ Aerospace City သို သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့် လေကြောင်းနည်းပညာများ ဖွံဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အာကာသနည်းပညာ သုတေသနလုပ်ငန်းများ၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ်များ၊ အာကာသစူးစမ်းလေ့လာရေးဆိုင်ရာ စီမံကိန်းများနှင့် နောက်ဆုံးပေါ် နည်းပညာအသုံးချ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုပြင် တာဝန်ရှိသူများက တရုတ်နိုင်ငံ၏ အာကာသကဏ္ဍ ဖွံဖြိုးတိုးတက်လာမှု အခြေအနေများ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသည့် အောင်မြင်မှုများနှင့် အနာဂတ်ဖွံဖြိုးတိုးတက်ရေး စီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။