ယောင်္ကျားဖြစ်သူမှ မိန်းမဖြစ်သူကို ထင်းချောင်းဖြင့် ရိုက်သတ်

(မှုခင်း) သြဂုတ် ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယောင်္ကျားဖြစ်သူမှ မိန်းမဖြစ်သူကို ထင်းချောင်းဖြင့် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၄ နာရီ ၂၅ မိနစ်ခန့်က သထုံမြို့နယ်၊ သိမ်ဆိပ်၊ စော်ကဲစုပိုင်း၊ တောင်ကြားရပ်ကွက်‌တွင် နေထိုင်သည့် ဇော်မျိုးနိုင် (၄၁)နှစ်သည်ဇနီးဖြစ်သူ စန်းညွှန့်(၄၂)နှစ်အား အရက်ကြောင် ကြောင်၍ ထင်းချောင်းဖြင့် ဦးခေါင်းအား ၄ ချက်ရိုက်နှက်ခဲ့ရာ မစန်းညွန့်တွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာ များရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဇနီးဖြစ်သူ မစန်းညွန့်အား သေဆုံးသည့်အထိ ရိုက်နှက်ခဲ့သူ ဇော်မျိုးနိုင်အား ဖမ်းဆီးကာ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။