Placement Test အထူးအစီအစဉ်တွင် မတ္တရာမှ ကျောင်းသား/ကျောင်းသူ ၇၆၂၄ဦး ဝင်ရောက်ဖြေဆို

(ပြည်တွင်း) ဇွန် ၁၅ 

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိနေခဲ့သည့် ကျောင်းနေအရွယ်ကလေးများအား ကျောင်းသို့ ပြန်လည်ရောက်ရှိရေး အတွက် Placement Test အထူးအစီအစဉ်ဖြင့် အရည်အချင်းစစ်ဆေးခြင်းကို ဇွန် ၁၅ရက်မှစတင်၍ စာစစ်ဌာန ၂၆ ခုဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 ထို့သို့ Placement Test အထူးအစီအစဉ်ဖြင့် အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦးရှိပြီး Grade-1တွင် ၇၄၇ ဦး၊ Grade-2တွင် ၁၅၄၆ ဦး၊ Grade-3တွင် ၁၅၉၀ ၊ Grade-4တွင် ၁၃၆၅ ဦး၊ Grade-5 တွင် ၉၅၁ ဦး၊ Grade-6 တွင် ၆၈၀ ၊ Grade-7တွင် ၅၀၄ဦးနှင့် Grade-8 တွင် ၂၄၁ ဦး စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူများအနက် ၂၉၈ ဦးမှာ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

#PAN