ရုရှားထောက်ပံ့ရေးလမ်း ကြောင်းများကို ယူကရိန်း ဒရုန်းဗျူဟာဖြင့် ဖြတ်တောက်၊ မေလအတွင်း နယ်မြေအမြောက် အမြား ပြန်လည်သိမ်းပိုက်နိုင်ခဲ့

(နိုင်ငံတကာ) ဇွန် ၁၂

     ယူကရိန်းစစ်တပ်သည် ရုရှားတပ်ဖွဲ့များ၏ အဓိကစီးပွားရေးနှင့် စစ်ရေးထောက်ပံ့မှုအသက်သွေးကြောဖြစ်သော ခရိုင်းမီးယားနှင့် ရှေ့တန်းစစ်မျက်နှာအကြားရှိ စက်သုံးဆီ၊ ခဲယမ်းသို လှောင်ရုံများနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို အလတ်စားအကွာအဝေးတိုက်ခိုက်မှုဗျူဟာဖြင့် နှစ်ဆတိုးမြှင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီးနောက်၊ မေလအတွင်းက ဆုံးရှုံးခဲ့ရသည့် နယ်မြေပမာဏထက် ပိုမိုများပြားသော နယ်မြေများကို အသားတင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

     ယူကရိန်းစစ်သေနာပတိချုပ် အိုလက်ဆန္ဒာ ဆီယာစကီး (Oleksandr Syrskii) နှင့် ဝါရှင်တန်အခြေစိုက် စစ်ပွဲလေ့ လာရေးအဖွဲ့ (ISW) တို့၏ ထုတ်ပြန်ချက်များအရ ယူကရိန်းသည် မေလအတွင်း ရုရှားထက် နယ်မြေစတုရန်းကီလိုမီ တာ ၁၀၀ မှ ၂၈၀ ကြား ပိုမိုအသာစီးရကာ ပြန်လည်သိမ်း ပိုက်နိုင်ခဲ့ပြီး၊ လစဉ် နယ်မြေအသားတင် အသာစီးရနေသည့် ရုရှား၏အလား အလာကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။

     ယူကရိန်း ကာကွယ်ရေးဝန်ကြီး မိုင်ခိုင်းလို ဖီဒိုရော့ဗ်က ရှေ့ တန်းမှ ၅၀ ကီလိုမီတာအကွာရှိ ရန်သူ့ပစ်မှတ်များကို ထိမှန်အောင် တိုက်ခိုက်နိုင်မှု အရေအတွက်မှာ နှစ်ဆတိုးလာကြောင်းနှင့် မေလတစ်ခုတည်းတွင် အနီးနှင့် အလတ်စားဒရုန်းများဖြင့် ပစ်မှတ်ပေါင်း ၁၈၀,၀၀၀ ကျော်ကို ထိမှန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ဤဒရုန်းဗျူဟာမြောက် ထိုးနှက်ချက်များကြောင့် ခရိုင်းမီးယားနှင့် ဒေသတွင်းလမ်းမကြီးများပေါ်တွင် ရုရှားစစ်ဘက်ဆိုင်ရာ သွားလာလှုပ်ရှားမှု ၇၀ ရာခိုင်နှုန်းကျော် ပြတ်တောက်သွားခဲ့ပြီး၊ ခရိုင်းမီးယားကျွန်းဆွယ်တွင် စက်သုံးဆီ ပြတ်လပ်မှုများ အဆိုးရွားဆုံးဖြစ်ပေါ်ကာ ကားတစ်စီးလျှင် တစ်ပတ် ၂၀ လီတာသာ ရောင်းချရန် ကန့်သတ်လိုက်ရသည်။ စက်သုံးဆီနှင့် ရိက္ခာပြတ်လပ်မှုကြောင့် အချို့သော အစွန်အဖျားစခန်းများမှ ရုရှားတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာမှုများ ရှိလာခဲ့သည်။

     စစ်မြေပြင်တွင် အထိနာနေပြီး စစ်သားသစ်စုဆောင်းမှုနှုန်း ၁၀ ရာခိုင်နှုန်းထက်မက ကျဆင်းနေသည့် ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်သည် ဒိုးနက်စ် (Donetsk) ဒေသရှိ ကွန်စတန်တင်းနိဗ်ကာမြို့ အစိတ်အပိုင်းအချို့ကို ဆက် လက်ဖိအားပေးတိုက်ခိုက်နေသော်လည်း၊ တစ်ဖက်တွင်မူ ကြားခံလူများမှတစ်ဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများအတွက် လမ်းစရှာရန် စတင်ကြိုးပမ်းနေကြောင်း သတင်းများက ဖော်ပြနေကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN