
(နိုင်ငံတကာ) ဇွန် ၁၃
အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ဖြစ်နိုင်ခြေရှိသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ စည်းကမ်းချက် အချက် အလက်အချို့ကို အီရန်နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယင်းအချက် အလက်များသည် သတင်းတုများသာဖြစ်ပြီး အီရန်သည် ဂုဏ်သိက္ခာမဲ့သည့်အတွက် ရိုးသားစွာ လက်တွဲဆောင်ရွက် ၍ မရကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်သည်။
သမ္မတ ထရမ့်သည် ၎င်း၏ Truth Social လူမှုကွန်ရက်ပေါ်တွင် ရေးသားရာ၌ အီရန်နိုင်ငံပိုင်သတင်းအေဂျင်စီ (IRNA) က ထုတ်ပြန်ခဲ့သည့် အချက် ၇ ချက်ပါ စည်းကမ်းချက်များသည် စာဖြင့်ရေးသား သဘောတူညီထားသည့် စည်းကမ်းချက် အစစ် အမှန်များနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
အီရန်နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်တွင် နျူကလီးယားအစီ အစဉ်၊ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ထိန်းချုပ်မှုနှင့် အေးခဲရန်ပုံငွေများ ချက်ချင်းပြန်လည်လွှတ် ပေးရေး စသည့် အဓိကသော့ချက်ကိစ္စရပ်များ၌ အီရန်ဘက်က အလျှော့ ပေးလိုက်လျောမှု မရှိသည့်ပုံစံဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။
သို့သော်လည်း အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) နှင့် အိမ်ဖြူတော်အရာရှိများ၏ ပြောကြားချက်အရ အီရန်သည် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းရန်၊ နျူကလီး ယားပစ္စည်းများကို ဖျက်ဆီးရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် စသည့် “လုပ်ဆောင်ချက်အပေါ် အခြေခံသည့် သဘောတူညီချက်” (Performance-based deal) ကို လက်ခံထားပြီးဖြစ် ကြောင်း သိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ ကလည်း “အစ္စလာမ်မာဘတ် နားလည်မှုစာချွန်လွှာ” ရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသော်လည်း၊ အပစ်ရပ်ရေးသဘောတူညီချက် အပြီးသတ် လက်မှတ်မထိုးနိုင်မီအချိန်အထိ ဟော်မုဇ်ရေလက်ကြားအနီးတွင် အီရန်ဒရုန်းများဖြင့် အမေရိကန်သင်္ဘောများကို တိုက်ခိုက်ရန် ကြိုးပမ်းမှုများ ရှိနေခြင်းကြောင့် လက်ရှိသံတမန်ရေးရာ အလှည့်အပြောင်းမှာ မရေမရာဖြစ်နေဆဲ ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN