ကာကွယ်ရေးအသုံးစရိတ်အပေါ် သဘောထားကွဲလွဲရာမှ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီ ရာထူးမှ ရုတ်တရက်နုတ်ထွက်

(နိုင်ငံတကာ) ဇွန် ၁၁

     ဗြိတိန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီ (John Healey) သည် ကာကွယ်ရေးအသုံးစရိတ် ခွဲဝေမှုနှင့် ပတ်သက် ၍ ဝန်ကြီးချုပ် ကီယာစတားမား (Keir Starmer) နှင့် သဘော ထားကွဲလွဲပြီးနောက် ကြာသပတေးနေ့တွင် ရာထူးမှ မမျှော်လင့်ဘဲ ရုတ်တရက် နုတ်ထွက်သွားခဲ့သည်။

     ၎င်း၏ နုတ်ထွက်စာကို လူမှုကွန်ရက် X ပေါ်၌ အများပြည်သူသိရှိရန် ချပြခဲ့ပြီး၊ အဆိုပါစာတွင် ဝန်ကြီးချုပ် စတားမားနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် ကမ္ဘာလုံးဆိုင် ရာ ခြိမ်းခြောက်မှုများ မြင့်တက်နေသည့် လက်ရှိအချိန်၌ တိုင်းပြည်ကို ကာကွယ်ရန် လိုအပ်သော အစိုးရအရင်း အမြစ်များကို ကတိကဝတ်ပြု ထည့်ဝင်ရန် ပျက်ကွက်ခဲ့ကြောင်း ပြင်းပြင်းထန်ထန် စွပ်စွဲထား သည်။

ဗြိတိန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန (MoD) နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် လာမည့်ဆယ်စုနှစ်အတွင်း စစ်လက်နက် ပစ္စည်းအသစ်များနှင့် ကာကွယ်ရေးအခြေခံအဆောက်အအုံများအတွက် ရန်ပုံငွေခွဲဝေမည့် “ကာကွယ် ရေးရင်းနှီးမြှုပ်နှံမှုအစီ အစဉ်” (DIP) နှင့် ပတ်သက်၍ လပေါင်းများစွာ အခြေအတင် ဆွေးနွေးခဲ့ကြသည်။ ကာကွယ် ရေးဝန်ကြီးဌာနက လာမည့် ၄ နှစ်အတွင်း နောက်ထပ် ပေါင် ၂၈ ဘီလီယံ အပိုဆောင်းတောင်း ခံခဲ့သော်လည်း သဘောတူညီချက် မရရှိဘဲ ကြန့်ကြာနေခဲ့သည်။

     နုတ်ထွက်သွားသူ ကာကွယ်ရေးဝန်ကြီး ဟီလီက ၎င်းအနေ ဖြင့် အဆိုပါဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက် အပြည့်အစုံကို ယခုသီတင်းပတ် တနင်္လာနေ့မွန်းလွဲပိုင်းတွင်မှ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး၊ ဝန်ကြီးချုပ်က ကမ်းလှမ်းသည့် ပမာဏမှာ “အခုလို အန္တရာယ်ကြီးမားတဲ့ အချိန်မျိုးမှာ ကာကွယ် ရေးနဲ့ နိုင်ငံတော်အတွက် လိုအပ် ချက်ထက် အများကြီး လျော့ နည်းနေတာကြောင့်” ရာထူးမှ နုတ်ထွက်ရန်ကလွဲ၍ အခြားရွေး ချယ်စရာ မရှိတော့ကြောင်း ဆိုသည်။

    ယခုကဲ့သို့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် ကြန့် ကြာနေမှုအပေါ် ဗြိတိန်၏ ကာကွယ်ရေးစက်မှုလုပ်ငန်းရှင်များကလည်း အကြီးအကျယ် စိတ်ပျက်နေကြသည်။ ကမ္ဘာ့ပထဝီနိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်နှင့် အမေရိကန်ပြည်ထောင်စုက ဥရောပကို အကာအကွယ်ပေးမှုမှ လွှဲဖယ်ရန် ပြင်ဆင်နေချိန်မျိုးတွင် ဗြိတိန်အနေဖြင့် ရေရှည်လုံခြုံ ရေးအစီအစဉ်များ၌ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ပါက အန္တရာယ်ရှိနိုင်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။

     ဝန်ကြီးချုပ် စတားမားကမူ လာမည့်လအစောပိုင်းတွင် ကျင်း ပမည့် နေတိုး (NATO) ထိပ်သီးအစည်းအဝေး မတိုင်မီ အဆိုပါ ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို မဖြစ်မနေ ထုတ်ပြန် သွားမည်ဟု လွှတ်တော်သို့ ပြောကြားထားသည်။

သို့သော်လည်း ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် စိတ်ပျက်လက်ပျက်ဖြင့် ရာထူးမှ နုတ်ထွက်သွားခြင်းကြောင့် စတားမားအစိုးရအဖွဲ့အတွင်း ဘဏ္ဍာရေးနှင့် လုံခြုံရေးဆိုင် ရာ တင်းမာမှုများ အထင်အရှား ပေါ်ပေါက်လာခဲ့ပြီ ဖြစ် သည်။

Telegram»…
https://t.me/positiveanglenews

#PAN