(ပြည်တွင်း) ဇွန် ၁၁
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇိုဖေး (Zophei) ဒေသ အခြေစိုက် ချင်းအကြမ်းဖက်လက်နတ်ကိုင်တပ်ဖွဲ့ (CDF-Zophei) ဌာနချုပ်အား တပ်မတော်မှ လေကြောင်းတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၈နာရီခွဲအချိန်ခန့်က ချင်းအကြမ်းဖက်လက်နတ်ကိုင်တပ်ဖွဲ့ (CDF-Zophei) ဌာနချုပ်အား တပ်မတော်လေမှ ဗုံးကျဲရှင်းလင်းခဲ့ရာ ဇိုဖေရမ်ကောင်စီ ကျန်းမာရေးဌာန အတွင်းရေးမှူးဖြစ်သူ အသက် ၂၈ နှစ် အရွယ် ဆရာမ Van Dawt Chin (ခ) ချင်းချင်းနေရာ၌ပင် သေဆုံးခဲ့ပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းအရင်းမြစ်အရ သိရသည်။
ဇွန်လ ၄ ရက်ကစ၍ ဟားခါးမြို့မှ တပ်မတော်စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ရာ ဇွန်လ ၉ ရက်တွင် ထန်တလန်မြို့သို့ ဝင်ရောက်နိုင်ခဲ့ပြီး ထန်တလန်နှင့် ဟားခါးမြို့သို့ ဆက်သွယ်ထားသည့် ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ချင်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများကို တပ်မတော်မှလေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်၍ ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။

#PAN