နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မွမ်ဘိုင်းမြိုသိုရောက်ရှိ

(ပြည်တွင်း) ဇွန် ၂

အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက နယူးဒေလီမြိုမှတစ်ဆင့် မွမ်ဘိုင်းမြိုသို ဆက်လက်ထွက်ခွာခဲ့သည်။

မွမ်ဘိုင်းမြို၊ Chhatrapati Shivaji Maharaj International Airport သိုရောက်ရှိလာသော နိုင်ငံတော်သမ္မတအား  မဟာရာ့ရှ်ထရာပြည်နယ်မှတာဝန်ရှိသူများ၊ ကော်လ်ကတ္တားမြို၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။