
(နိုင်ငံတကာ) ဇွန် ၂
အစ္စရေးနိုင်ငံနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာ (Hezbollah) လက်နက်ကိုင်အဖွဲ့တို့သည် ကြားခံကိုယ်စားလှယ်များမှတစ်ဆင့် သွယ်ဝိုက်ဆွေးနွေးခဲ့ကြပြီးနောက် နှစ်ဦးနှစ်ဖက် တိုက်ခိုက်မှုများကို ရပ်တန့်ရန် သဘောတူညီခဲ့ကြကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။
သမ္မတ ထရမ့်သည် ၎င်း၏ Truth Social လူမှုကွန်ရက်စာ မျက်နှာတွင် ပြီးခဲ့သည့်တနင်္လာနေ့က ရေးသားရာ၌ ၎င်းအနေ ဖြင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အပြင် ဟစ်ဇဘိုလာအဖွဲ့၏ “အဆင့်မြင့် အဆက်အသွယ်ရှိသူ ကိုယ်စားလှယ်များ” နှင့်ပါ အလွန်ကောင်းမွန်သော ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ကြောင်းနှင့် အပြန်အလှန် ပစ်ခတ်မှုအားလုံး ရပ်တန့်ရန် ၎င်းတို့က သဘောတူခဲ့ကြကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်အစိုးရသည် ဟစ်ဇဘိုလာအဖွဲ့ကို “အကြမ်း ဖက်အဖွဲ့အစည်း” အဖြစ် သတ်မှတ်ထားသဖြင့် သမိုင်းတစ် လျှောက် မည်သည့်အမေရိကန်သမ္မတမျှ ယခုကဲ့သို့ တိုက်ရိုက် (သို့မဟုတ်) ကြားခံလူမှတစ်ဆင့် ဆက်သွယ်ပြောဆိုဖူးခြင်း မရှိသဖြင့် ဤလုပ်ရပ်သည် ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်း အမေရိကန်-ဟစ်ဇဘိုလာ ဆက်ဆံရေး၏ ကြီးမားသော ထိုးဖောက်ကျော် လွှားမှုတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်နေကြသည်။
ဝါရှင်တန်ရှိ လက်ဘနွန်သံရုံး၏ ထုတ်ပြန်ချက်အရ ယခုအဆို ပြုချက်သည် အစ္စရေးဘက်က လက်ဘနွန်မြို့တော် ဘေရွတ် (Beirut)နှင့် တောင်ဘက်ဆင်ခြေဖုံးဒေသများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ပေးရန်ဖြစ်ပြီး၊ ဟစ်ဇဘိုလာဘက်ကလည်း အစ္စရေးအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ကာ အပစ်အခတ်ရပ်စဲရေးကို လက်ဘနွန်ပိုင်နက်အားလုံးသို့ တိုးချဲ့သွားရန် ဖြစ် သည်။ ဟစ်ဇဘိုလာ လွှတ်တော်အမတ် ဟာဆန် ဖဒ်လာလာကလည်း လက်ဘနွန်ပိုင်နက်တစ်ခုလုံး အပြည့်အဝ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံပြီး ယင်းသည် အစ္စရေးစစ်တပ်များ ပြန် လည်ဆုတ်ခွာရေးအတွက် ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း ဆိုသည်။

သို့သော်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ဟစ်ဇဘိုလာဘက်က ထပ်မံတိုက်ခိုက်လာပါက ဘေရွတ်ကို ပြန်လည်ဗုံးကြဲမည့် အစီအစဉ်များကို ရှေ့ဆက်သွားမည်ဟု ဆိုထား သည်။
ယခု အပစ်အခတ်ရပ်စဲရေး ကြေညာချက်သည် လက်ရှိဖြစ် ပွားနေသော အီရန်နှင့် စစ်ပွဲအပေါ်တွင်လည်း များစွာသက် ရောက်မှု ရှိနိုင်သည်။ အီရန်နိုင်ငံက အမေရိကန်နှင့် စစ်ပွဲအဆုံး သတ်ရန်အတွက် အစ္စရေးအနေဖြင့် လက်ဘနွန်မှ အပြီးတိုင်ဆုတ်ခွာပေးရန် စည်းကမ်းချက် ထုတ်ပြန်ထားသည်။
မတ်လ ၂ ရက်နေ့ကတည်းက စတင်ခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လက်ဘနွန်တွင် လူပေါင်း ၃,၄၁၂ ဦး သေဆုံးကာ၊ ပြည်သူတစ်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး နိုင်ငံ၏ ငါးပုံတစ်ပုံခန့်ကို အစ္စရေးက သိမ်းပိုက်ထားဆဲ ဖြစ်သည်။
လေ့လာဆန်းစစ်သူများကမူ ယခုအကြိမ် အပစ်အခတ်ရပ်စဲရေး အမှန်တကယ် အောင်မြင်ရန်အတွက် လက်ဘနွန်နှင့် အီရန်အပစ်အခတ်ရပ်စဲရေးကို သီးခြားခွဲထုတ်ရန် (Decouple လုပ်ရန်) လိုအပ်ပြီး နိုင်ငံတကာ၏ ပါဝင်ပတ် သက်မှုများစွာ လိုအပ်နေသေးကြောင်း ထောက်ပြထားကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN