မန္တလေးမြို့ ၊ပန်းဆက်ဗလီအနီး လူနေအိမ်မီးလောင်မှုဖြစ်ပွား

(ပြည်တွင်း) နိုဝင်ဘာ ၂

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အရှေ့ရပ်ကွက်၊ ၄၁ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား၊ ပန်းဆက်ဗလီအနီးတွင် ယနေ့ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက လူနေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုသတင်းကို နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရရှိခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက Level 1 ယာဉ်အုပ်စုဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၁ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ အရေးပေါ်ရေဘောက်ဆာယာဉ် ၂ စီးနှင့် အရေးပေါ်ကယ်ဆယ်ရေးယာဉ်တို့ဖြင့် သွားရောက်ကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကူညီခဲ့ကြောင်း “မဏီစလ” လူမှုကူညီရေးအသင်း (မန္တလေး) က ထုတ်ပြန်ထားသည်။လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN