အမေရိကန်နှင့် သဘောတူညီချက်ရရန် ရေရာမှုမရှိသေးချိန်တွင် ဟော်မုဇ်ရေလက်ကြားအပေါ် ၎င်းတို့၏ထိန်းချုပ်မှုကို အီရန်က တစ်ကျော့ပြန် အခိုင်အမာပြသ

(နိုင်ငံတကာ)မေ ၃၁

     ​​​အီရန်နိုင်ငံသည် မဟာဗျူဟာမြောက် အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အပေါ် ၎င်းတို့၏ ထိန်း ချုပ်မှုကို ထပ်မံအတည်ပြု လိုက်ပြီး၊ အကယ်၍ အဆိုပါ ရေ ကြောင်းဖြတ်သန်းမှုဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများကို လိုက်နာခြင်းမရှိပါက ပြည်ပကုန်သွယ်ရေးနှင့် စစ်ဘက်ဆိုင်ရာ သင်္ဘောများကို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အီရန်နှင့် ရရှိနိုင်မည့် သဘောတူညီချက်တစ်ခုအပေါ် ဆုံးဖြတ်ချက်ချရန် နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်ဘက်က အရိပ် အမြွက်ပြသခဲ့ပြီးနောက်၊ အီရန်အစိုးရ (တီဟီရန်) ကမူ သဘောတူညီချက်တစ်စုံ တစ်ရာ မရရှိသေးကြောင်း ငြင်းဆိုထားစဉ်အတွင်း စနေနေ့တွင် ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

     အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်၏ ခွင့်ပြု ချက်မရဘဲ သတ်မှတ်လမ်းကြောင်းပြင်ပသို့ သွားလာသော မည်သည့်ရေနံတင်သင်္ဘောနှင့် စစ်သင်္ဘောမဆို ရေကြောင်းလုံခြုံရေးကို ပြင်းထန်စွာ ထိခိုက်စေမည်ဟု အီရန် ဘက်က ဆိုသည်။ ဤအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်အရေးပေါ်အခန်းတွင် အကြံ ပေးများနှင့် တွေ့ဆုံကာ အီရန်နှင့် သဘောတူညီချက်အတွက် “နောက်ဆုံး ဆုံးဖြတ်ချက်” ချရန် ပြင်ဆင်နေသော် လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မည်သည့်နောက်ဆုံးအတည်ပြုချက်မျှ မရရှိသေးကြောင်း တုံ့ ပြန်ထား သည်။

     အခြေအနေများ ဤသို့ တင်းမာနေစဉ် စင်ကာပူနိုင်ငံ ကာ ကွယ်ရေးထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth)က အကယ်၍ ကျေနပ်လောက်သော သဘောတူညီချက် မရရှိပါက ဝါရှင်တန်အနေဖြင့် စစ်ပွဲကို ပြန်လည်စတင်ရန် “လုံလောက်စွာ တတ်စွမ်းနိုင်သည်” ဟု သတိပေးလိုက်ပြီး၊ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ကလည်း ဒေသတွင်း၌ နိုးနိုးကြားကြား ဆက်လက်စောင့်ကြည့်နေကြောင်း ထုတ်ပြန်ခဲ့သည်။

     ယခုသီတင်းပတ်အတွင်း အီရန်၏ ဘန်ဒါအာဘတ်စ် (Bandar Abbas) ဆိပ်ကမ်းကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီး အီရန်ဘက်ကလည်း အမေရိကန်ဒရုန်းတစ်စင်းကို ပစ်ချကာ လက်တုံ့ပြန်ခဲ့သဖြင့် အခြေအနေများမှာ ပိုမိုရှုပ်ထွေးလျက် ရှိသည်။

     သမ္မတ ထရမ့်က အီရန်အနေဖြင့် နျူကလီးယားလက်န က် ဘယ်တော့မှ မထုတ်လုပ်ရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ် သန်းခလွတ် ပြန်ဖွင့်ပေးရန် တောင်းဆိုနေသော် လည်း၊ အီရန် ဘက်ကမူ ၎င်းတို့၏ အေးခဲထားသည့် ပိုင်ဆိုင်မှုများထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းလွှတ်ပေးရန် ဦးစွာတောင်းဆိုနေပြီး ထရမ့်၏ တောင်းဆိုချက်အချို့မှာ အခြေအမြစ်မရှိဟု ပယ်ချထားသည်။

     အီရန်လွှတ်တော်အမတ် အလီရေဇာ ဆာလီမီ (Alireza Salimi) ၏ ပြောကြားချက်ကို ကိုးကား၍ အီရန်၏ ISNA သတင်းဌာနက ဖော်ပြရာ၌ “ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ စီမံခန့်ခွဲမှုနှင့် အချုပ်အခြာအာဏာကို ကျင့်သုံးမည့် အစီအစဉ်တစ်ခုကို ပါလီမန်က မကြာမီ အတည်ပြုတော့မည်” ဟု သိရသည်။

     အီရန်၏ Tasnim သတင်းဌာနကမူ အမေရိကန်၏ ပိတ် ဆို့ထားမှုမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး၊ ၎င်းတို့၏ သင်္ဘောများသည် “ပိတ်ဆို့မှုစည်းကို မဖြတ်ကျော်ဘဲ ရပ် တန့်ရန် CENTCOM ထံမှ သတိပေးချက်များကို လက်ခံရရှိနေသည်” ဟု ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN