
(နိုင်ငံတကာ)မေ ၃၀
လိင်ပိုင်းဆိုင်ရာ ပြစ်မှုထင်ရှားစီရင်ခြင်းခံထားရသူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ၏ အမှုတွဲများနှင့် ပတ်သက် ၍ အစိုးရဘက်က ဖုံးကွယ်ထားဆဲဖြစ်သည့် စာ ရွက်စာတမ်းများအတွက် အဖြေရှာရန် လွှတ်တော်အမတ်များက ကြိုးပမ်းနေစဉ်၊ အမေရိကန် ရှေ့နေချုပ်ဟောင်း ပမ် ဘွန်ဒီ သည် အောက်လွှတ် တော် ကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ တံခါးပိတ် ကြားနာစစ် ဆေးပွဲသို့ လာရောက်ထွက်ဆိုခဲ့သည်။
သောကြာနေ့က ပြုလုပ်သည့် မပွဲတွင် ဘွန်ဒီက ၎င်း၏ ရာထူးသက်တမ်းအတွင်း အက်ပ်စတိန်းနှင့် ပတ် သက်သည့် မှတ်တမ်းစာမျက်နှာ ၃ သန်းနီးပါးကို ထုတ်ပြန်ပေးခဲ့ပြီး ဖြစ် ကြောင်းနှင့် တရားရေးဝန်ကြီးဌာန (DOJ) အနေဖြင့် “အက်ပ်စတိန်းဖိုင်တွဲများ ပွင့်လင်းမြင်သာမှုအက်ဥပဒေ” အတိုင်း လိုအပ်သည်များကို လုပ်ဆောင်ခဲ့ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
သို့သော်လည်း ဆင်ဆာဖြတ်တောက်မှု (အမည်းစက်ခြစ်ထုတ်မှု)ပိုင်းတွင် အမှားအယွင်းအချို့ ရှိခဲ့သည်ကိုမူ ဝန်ခံခဲ့သည်။ ဝေဖန်ရေးသမားများနှင့် ဒီမိုကရက်အမတ်များကမူ တရားရေးဝန်ကြီးဌာနသည် လူသိရှင်ကြား မထုတ်ဖော်သင့်သည့် သားကောင် (အသက်ရှင်ကျန်ရစ်သူ) များ၏ နာမည်နှင့် ဓာတ်ပုံများကို ထုတ်ဖော်ပြသခဲ့ပြီး (Doxxed လုပ်ခဲ့ပြီး)၊ အမှန်တကယ် ထုတ်ဖော်ရမည့် အချက်အလက်များကိုမူ ဆက်လက်ဖုံးကွယ်ထားသည်ဟု စွပ်စွဲထားကြသည်။
သမ္မတ ဒေါ်နယ်ထရမ့်သည် ဒုတိယအကြိမ် သမ္မတသက်တမ်း စတင်ကတည်းက ၂၀၁၉ ခုနှစ်တွင် ထောင်တွင်း၌ ကွယ်လွန်သွားခဲ့သည့် အက်ပ်စတိန်း၏ အမှုတွဲများကို အပြည့်အဝ ထုတ်ပြန်ပေးရန် ပါတီနှစ်ရပ်လုံးမှ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်းက ထရမ့်နှင့် အက်ပ်စတိန်းတို့အကြား လူမှုရေးအရ ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့ဖူးသဖြင့်၊ အစိုးရအဖွဲ့က သမ္မတကို ကာကွယ်ရန် စာရွက်စာတမ်းအချို့ကို ချန်လှပ်ထားခြင်း ဖြစ်နိုင်ကြောင်း သံသယများ ထွက်ပေါ်နေသည်။
ဘွန်ဒီသည် ယခုအရှုပ်တော်ပုံကို ကိုင်တွယ်ပုံနှင့် ပတ် သက်၍ ဝေဖန်မှုများ ပြင်းထန်လာပြီးနောက် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းက ယခုလုပ် ငန်းစဉ်တစ်ခုလုံးကို ဒုတိယရှေ့နေချုပ် တော့ဒ် ဘလန့်ချ် ထံ လွှဲအပ်ထားခြင်းဖြစ်ကြောင်း လျှောက်လဲခဲ့သည်။
ကော်မတီ၏ ထိပ်တန်းဒီမိုကရက်အမတ် ရောဘတ် ဂါစီယာက ကြားနာပွဲအတွင်း အစိုးရအရာရှိများက သမ္မတထရမ့်နှင့် ပတ်သက်သည့် မေးခွန်းများကို မေးမြန်းခွင့်ရရန် အကြိမ်ကြိမ် ကြားဖြတ်ပိတ်ပင်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး၊ အပြင်ဘက်တွင် စုရုံးနေသည့် သား ကောင်များကလည်း တရားရေးဝန်ကြီးဌာနက ၎င်းတို့ကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
လွှတ်တော်ကော်မတီအနေဖြင့် အက်ပ်စတိန်းနှင့် ပတ်သက်မှုရှိခဲ့သည့် နည်းပညာလုပ်ငန်းရှင် ဘီလ်ဂိတ်စ် အပါအဝင် အခြားသော ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဆက်လက်ဆင့်ခေါ် စုံစမ်းစစ်ဆေးသွားရန် ရှိနေသည်။
Telegram»…
https://t.me/positiveanglenews
#PAN