(နိုင်ငံတကာ)မေ ၂၉

     အီရန်နိုင်ငံနှင့် ရက်ပေါင်း ၄၀ နီးပါးကြာ ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့များ အပြင်းအထန် အသုံး ပြုခဲ့ရသည့် အဆင့်မြင့် လက်နက်ခဲယမ်း အရန်များကို ယခင်စစ်မဖြစ်မီက အဆင့်အတိုင်း ပြန်လည်ဖြည့်တင်းရန်အတွက် “နှစ်ပေါင်းများစွာ” ကြာမြင့်နိုင်ကြောင်း ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS)၏ အစီရင်ခံစာသစ်တစ်ခုက ဖော်ပြလိုက်သည်။

     CSIS ၏ ထုတ်ပြန်ချက်အရ အစ္စရေးနှင့် ပူးပေါင်း၍   အီရန်ကို တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးများကြောင့် အမေရိကန်၏ အဓိက အရေးပါသော ခဲယမ်း ၄ မျိုးဖြစ်သည့် တိုက်ခိုက်ရေးခရုစ်ဒုံးကျည် (TLAM)၊ လေထုအလွှာမြင့် ကာကွယ်ရေးစနစ် (THAAD) ကြားဖြတ်ဒုံးကျည်များ၊ ပက်ထရီယော့ (Patriot) ဒုံးကျည်များနှင့် စစ်သင်္ဘောအခြေ စိုက် SM-3/SM-6 ဝေဟင်ပျံဒုံးကျည်များသည် စစ်မဖြစ်မီကထက် ထက်ဝက်ကျော် (၅၀ ရာခိုင်နှုန်းကျော်) အထိ လျော့နည်းကုန်ခမ်းသွားခဲ့ကြောင်း သိရသည်။ ယင်းလက် နက်ခဲယမ်းများကို ယခင်ပမာဏအတိုင်း ပြန်လည်အစား ထိုးရန် အနည်းဆုံး ၂ နှစ်မှ ၃ နှစ်ထက်မက ကြာမြင့်မည်ဖြစ်သည်။

     စစ်ရေးကျွမ်းကျင်သူများက ယခုအခြေအနေကို “မဟာ ဗျူဟာမြောက် လက်နက်အရန် တုန်လှုပ်မှု” (Strategic Inventory Shock)ဟု ခေါ်ဆိုကြပြီး၊ ရန်ပုံငွေထက် ကန့် သတ်ထားသော ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ကုန်ကြမ်းဝယ်ယူမှု ကြာမြင့်ချိန်များကြောင့် လက်နက်အသစ်များ ထွက်ရှိရန် အချိန်ယူရမည် ဖြစ်သည်။

     ရက်ပေါင်း ၄၀ ကြာ အီရန်စစ်ပွဲအတွင်း အစ္စရေးကို ကာကွယ်ရန်အတွက် အမေရိကန်သည် အစ္စရေးကိုယ်တိုင်ထက်ပင် ၎င်း၏ အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးကြားဖြတ်ဒုံးကျည်များကို ပိုမိုအသုံးပြုခဲ့ကြောင်း ဝါရှင်တန်ပို့စ် (The Washington Post) သတင်းစာက ယခုလအစောပိုင်းတွင် ဖော်ထုတ်ခဲ့သည်။

ယခုကဲ့သို့ လက်နက်အရန်စု လျော့ပါးသွားမှုကြောင့် အမေရိကန်ရေတပ်သည် လွှတ်တော်က အတည်ပြုထားပြီးဖြစ်သော် လည်း သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ရေးထိုးရန် လိုအပ်နေသေးသည့် ထိုင်ဝမ်သို့ ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမှုများကို ပြီးခဲ့သည့်အပတ်က ဆိုင်းငံ့ခဲ့သည်။

     အမေရိကန်အရာရှိများက လက်ရှိတွင် အီရန်နှင့် ဖြစ်လာနိုင်ခြေရှိသော စစ်ရေးအခြေအနေများအတွက် ခဲယမ်းလုံ လောက်မှုရှိကြောင်း အများပြည်သူသို့ ပြောကြားနေသော် လည်း၊ အရန်စုပမာဏ ကျဆင်းလာခြင်းသည် အီရန်နှင့် စစ်ပွဲပြန်လည်စတင်ရန် ရှိ၊ မရှိအပေါ် ဝါရှင်တန်၏ စစ်ရေးတွက်ချက်မှုများကို ရိုက်ခတ်နေသည်။

     အစီရင်ခံစာကမူ လက်နက်အရန်စုများ ယခင်အဆင့်အတိုင်း ပြန်မရောက်မချင်း လာမည့်နှစ်အနည်းငယ်အတွင်း အမေရိကန် ၏ ကာကွယ်ရေးကဏ္ဍတွင် “အားနည်း ချက်ရှိနေမည့် ကာလအပိုင်းအခြားတစ်ခု” (Window of Vulnerability) ရှိနေမည်ဖြစ်ပြီး၊ ယင်းသည် အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည့် အခြားသော စစ်မျက်နှာကြီးများအတွက် စိုးရိမ်စရာဖြစ်ကြောင်း သတိ ပေးထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN