(ပညာရေး) မေ ၂၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တွဲဘက်အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (အောင်လံမဲဆန္ဒနယ်) ဦးတင်အောင်ချစ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိန်တို့ တက်ရောက်ကာ ကျောင်းသားကျောင်းသူများအား အားပေးချီးမြှင့်ခဲ့ကြသည်။
ထို့အပြင် ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများဖြစ်ကြသော ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောင်းသားကျောင်းသူများအား ပညာရေးဆိုင်ရာ အားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများနှင့် လိုအပ်သော သင်ထောက်ကူပြုပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခဲ့ကြပြီး ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများက ဆွေးနွေးအားပေးမှာကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
#PAN