PDF များပစ်ခတ်သည့် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် ငါန်းဇွန်မှ အပြစ်မဲ့ပြည်သူ ၂ဦး ထိမှန်

(မှုခင်း) မေ ၂၈

မန္တလေးတိုင်းဒေသကြီး ၊ငါန်းဇွန်မြို့၊အမှတ်(၁)ရပ်ကွက်၊ မြို့နယ်သမအသင်းဝင်းအတွင်းသို့ အကြမ်းဖက် ‌PDF များပစ်ခတ်သည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ယနေ့မွန်းလွဲ၃နာရီအချိန်က အကြမ်းဖက် PDF များသည် မြို့နယ်သမအသင်းဝင်းအတွင်းသို့ ငါန်းဇွန်မြို့‌ အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာ ကြောင်ကြီးကုန်း ဘုရားကုန်းပတ်ဝန်းကျင်မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူနှစ်ဦးဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲမှုကြောင့် သမဝင်းအ တွင်းနေ အ​ပြစ်မဲ့ပြည်သူ ဦးမောင်နိူင်၊၅၁နှစ်၊(ဘ)ဦးချစ်ခိုင်တွင် နောက်ကျောဖောက်ဝင်ဒဏ်ရာ၊ဝဲဘက်ပခုံးနှင့်ယာဘက်ခြေထောက်တို့တွင် ဗုံးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊မောင်အောင်ကောင်းမြတ်၊၅နှစ်၊(ဘ)ဦးဇော်မျိုးအောင်တွင် ဝမ်းဗိုက် ဗုံးစရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ) အသီးသီးရရှိခဲ့ပြီး ထိမှန်ဒဏ်ရာရရှိသူ ၂ဦးအား ငါန်းဇွန်ပြည်သူ့ဆေးရုံမှတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရသည်။

#PAN