လယ်ဝေးမြို့တွင် ကလေးငယ်အား မဖွယ်မရာပြုလုပ်သည့် တရားခံကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

(မှုခင်း) မေ ၂၅

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့၌ အမျိုးသမီးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ကာ မှတ်တမ်းတင်ရိုက်ကူးခဲ့သည့် ဖြစ်စဉ်အပေါ် တရားခံအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် အရေးယူခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်အရ ၂၀၂၃ ခုနှစ်အတွင်း လယ်ဝေးမြို့နေ အမျိုးသမီးငယ်တစ်ဦးအား ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ခင်မင်ရင်းနှီးမှုအခြေအနေကို အလွဲသုံးစားပြု၍ မဖွယ်မရာပြုလုပ်ခြင်းနှင့် မှတ်တမ်းတင်ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (နေပြည်တော်) က တရားလိုပြုလုပ်တိုင်ကြားခဲ့ပြီး လယ်ဝေးမြို့မရဲစခန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးခဲ့သည်။

ထို့နောက် ၂၀၂၆ ခုနှစ် မေ ၂၅ ရက်တွင် လယ်ဝေးခရိုင်တရားရုံးက တရားခံအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

#PAN