
(ပညာရေး) မေ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံမှု စတင်သည့်နေ့တွင် ကော့သောင်းမြို့နယ်တွင် ကျောင်းသူကျောင်းသား ၂၇၀၀ ကျော် လာရောက်ကျောင်းအပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို မေ ၂၅ ရက် နံနက် ၈ နာရီမှစတင်ခဲ့ခြင်းဖြစ်ပြီး အစိုးရကျောင်းများတွင် ၂၁၀၀ ကျော်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ၈၀ ကျော်အပ်နှံခဲ့ကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။
နိုင်ငံတစ်ဝန်းတွင်လည်း မေ ၂၅ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံမှုများ ဆောင်ရွက်လျက်ရှိပြီး အခမဲ့ကျောင်းအပ်မှုအပြင် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအတွက် KG တန်းမှ Grade 12 အထိ အဆင့်အလိုက် ကျောင်းသုံးပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
KG တန်းကျောင်းသား၊ ကျောင်းသူများအတွက် ခဲတံ ၄ ချောင်းနှင့် ကျောင်းဝတ်စုံ ၁ စုံ၊ Grade 1 မှ Grade 5 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ခဲတံ ၄ ချောင်း၊ ဗလာစာအုပ် ၁ ဒါဇင်နှင့် ကျောင်းဝတ်စုံ ၁ စုံ၊ Grade 6 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ခဲတံ ၂ ချောင်း၊ ဘောပင် ၂ ချောင်းနှင့် ဗလာစာအုပ် ၁ ဒါဇင်တို့ကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။