အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယခရီးစဉ်စတင်၊ ဝန်ကြီးချုပ် မိုဒီအား အိမ်ဖြူတော်သို့ ဖိတ်ကြား

(နိုင်ငံတကာ)မေ ၂၄

     ​​အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ တရားဝင်ခရီး စဉ်ကို စတင်လိုက်ပြီး၊ ၎င်း၏ခရီးစဉ်အတွင်း အိန္ဒိယဝန် ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) အား အမေရိကန်အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားချက်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

     စနေနေ့က စတင်ခဲ့သည့် ယခုခရီးစဉ်သည် မကြာသေးမီက အိန္ဒိယနိုင်ငံ၏ ရုရှားရေနံ ဆက်လက်ဝယ်ယူမှုအပေါ် အခြေခံ၍ ဝါရှင်တန်နှင့် နယူးဒေလီအကြား ဖြစ်ပေါ်ခဲ့သော ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများကို ပြန်လည်ကုစားရန် အဓိကရည်ရွယ်ခြင်း ဖြစ်သည်။

     ထို့အပြင် အမေရိကန်-အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ် ဆင်နွှဲနေသော စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့ခံရပြီး ကမ္ဘာ့စွမ်းအင်ဈေးကွက် ကမောက် ကမဖြစ်မှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသည့် အိန္ဒိယနိုင်ငံအတွက် စွမ်းအင်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့် သွင်းဆွေးနွေးကြမည်ဖြစ်သည်။

     ခရီးစဉ်အစတွင် ဝန်ကြီး ရူဘီယိုသည် နယူးဒေလီရှိ အမေရိကန်သံရုံးအဆောင်သစ် ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး အမေရိကန်နှင့် အိန္ဒိယအကြား ဆက်ဆံရေးသည် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ချဉ်းကပ်ပုံ၏ အခြေခံအုတ်မြစ် ဖြစ် ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ သည် ကုန်သွယ်ရေး၊ ကာကွယ်ရေးနှင့် အရေးကြီးနည်းပညာရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။

     ၎င်းအပြင် ယခုခရီးစဉ်အတွင်း ဒေသတွင်း တရုတ်နိုင်ငံ ၏ ဩဇာအာဏာကြီးထွားလာမှုကို တုံ့ပြန်ရန် ဖွဲ့စည်းထားသည့် အမေရိကန်၊ ဂျပန်၊ ဩစတြေး လျနှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်သော ‘Quad’ (ခေါ်) လေးနိုင်ငံ လုံခြုံရေးဆွေးနွေးပွဲ အစည်းအဝေးကိုလည်း ပူးတွဲကျင်းပသွားမည်ဖြစ်သည်။

      အီရန်စစ်ပွဲကြောင့် စွမ်းအင်အကျပ်အတည်း ကြုံတွေ့နေရချိန်တွင် အမေရိကန်က အိန္ဒိယအား ရုရှားရေနံအစား အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့ထံမှ ရေနံတိုးမြှင့်ဝယ်ယူရန် တိုက် တွန်းလိမ့်မည်ဟု မျှော်လင့်ရသည်။

    ဝန်ကြီး ရူဘီယိုက အီရန်နှင့် ညှိနှိုင်းမှုများတွင် တိုးတက် မှုအချို့ရှိနေပြီး ရေရှည်အပစ်ရပ်ရေး သို့မဟုတ် တိုက်ခိုက်မှုအသစ်များ ပြန်စရေး အလားအလာနှစ်ခုစလုံး ရှိနေကြောင်း၊ အမေရိကန်အနေဖြင့် ဟော်မုဇ်ရေလက်ကြား လွတ်လပ်စွာ ဖြတ်သန်းခွင့်ပြုရန် တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။

     စနေနေ့က ဝန်ကြီးရူဘီယိုသည် ကော်လ်ကတ္တားမြို့ရှိ မာသာထရီဆာ၏ ဂူဗိမာန်သို့လည်း သွားရောက်ဂါရဝပြုခဲ့ပြီး၊ ခရီးစဉ်အတွင်း အာဂရာနှင့် ဂျိုင်ပူရ်မြို့များသို့လည်း ဆက်လက်သွား ရောက်ရန် ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews
#PAN