
(မှုခင်း) မေ ၂၂
နေပြည်တော် ပျဉ်းမနားမြို့နယ်၊ယောက်သွားအင်းအုပ်စု၊ကြံဖိုကျေးရွာတွင် ယနေ့နံနက်၁၀နါရီအချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်မှူဖြစ်ပွားသည့်နေရာသို့ ပျဉ်းမနားမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှဝိုင်ဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁၀နါရီခွဲချိန်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုအား သက်ဆိုင်ရာမှ စစ်ဆေးရာ အိမ်ပိုင်ရှင် ဒေါ်အေးမြင့်စန်း၊၄၀ နှစ်ခန့်၊ ဈေးရောင်းသူ၏ပေ ၁၅ ပတ်လည် ၊ သွပ်မိုး၊ ထရံကာ၊ပျဉ်ခင်း နေအိမ်ဖြစ်ပြီး ဆိုလာဘတ္ထရီအိုး အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ဒေါ်အေးမြင့်စန်း သည်နေအိမ်၌ မရှိပဲ ဈေးသွားရောင်းနေကြောင်း မီးလောင်မှူကြောင့် ဒေါ်အေးမြင့်စန်းပိုင်ဆိုင်သည့် နေအိမ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။