
(နိုင်ငံတကာ)မေ ၁၀
အရှေ့အလယ်ပိုင်းဒေသတွင် ဖေဖော်ဝါရီ ၂၈ ရက်ကစတင်ခဲ့သည့် စစ်ပွဲအား အပြီးသတ်ရပ်စဲရန်အတွက် အမေရိကန်အစိုးရက ပေးပို့ထားသော ငြိမ်း ချမ်းရေးအဆိုပြုချက်အပေါ် အီရန်ဘက်မှ တရားဝင်တုံ့ပြန်လိုက်ပြီဖြစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသည် ၎င်းတို့၏ တုံ့ပြန်ချက်ကို ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်အစိုးရမှတစ်ဆင့် ယနေ့ (တနင်္ဂနွေနေ့) တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တုံ့ပြန်မှုသည် အမေရိကန်အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်(Steve Witkoff) နှင့် နိုင်ငံခြားရေးဝန်ကြီး မားကို ရူဘီယို(Marco Rubio)တို့ ပါဝင်ရေးဆွဲထားသည့် “တစ်မျက်နှာစာ နားလည်မှုစာချွန်လွှာ”(one-page memo)နှင့် ပတ်သက်သော တုံ့ပြန်ချက်ဖြစ်နိုင်သည်ဟု ယူဆရသည်။
ယခုအဆင့်တွင် ဆွေးနွေးပွဲများကို ဒေသတွင်း၌ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် တိုက်ပွဲများကို လုံးဝဥဿုံ ရပ်စဲရေးအပေါ်တွင်သာ အဓိကထားသွားမည်ဖြစ်ကြောင်း အီရန်ဘက်က ဆိုသည်။ အဆိုပြုချက်တွင် ပါဝင်သည့် အချက်အလက်များအား အသေးစိတ် ထုတ် ဖော်ပြောကြားခြင်း မရှိသေးသော်လည်း၊ ယခင်က တင်ပြထားသည့် အချက် ၁၄ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တွင် ဖော်ပြထားသည့် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုများအား ရုပ်သိမ်းရေး၊ ဟော်မုဇ်ရေလက်ကြားအား ပြန် လည်ဖွင့်လှစ်ရေး၊ အီရန်အပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများအား ဖယ် ရှားရေးနှင့် ပိတ်ဆို့ထားသည့် ဘဏ္ဍာငွေများ ပြန်လည်ထုတ်ပေးရေး စသည်တို့ ပါဝင်နိုင်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည့် ဤစစ်ပွဲကြောင့် ဒေသတွင်း မတည်ငြိမ်မှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီးနောက် ဧပြီလမှစတင်ကာ ပါကစ္စတန်၏ ကြားဝင်မှုဖြင့် အပစ်ရပ်စဲရေးကို အကြိမ်ကြိမ် လုပ် ဆောင်ခဲ့ရသည်။ သမ္မတ ဒေါ်နယ်ထရန့်က အပစ်ရပ်စဲရေးကာလကို အချိန်အကန့် အသတ်မရှိ တိုးမြှင့်ပေးထားပြီးနောက် ယခုအခါ အမြဲတမ်းငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးက အနီးစပ်ဆုံးအခြေ အနေသို့ ရောက်ရှိနေပြီဟု သုံးသပ်ရသည်။
ပါကစ္စတန်အစိုးရကလည်း အီရန်၏ တုံ့ပြန်ချက်ကို လက်ခံရရှိထားပြီဖြစ်ကြောင်း အတည်ပြုထားပြီး၊ အဆိုပါ တုံ့ပြန်ချက်အား ဝါရှင်တန်သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်သည်။ အမေရိကန်ဘက်မှ မည်သို့ပြန် လည်တုံ့ပြန်မည်ဆိုသည်မှာ စစ်ပွဲအဆုံးသတ်ရေးအတွက် အဆုံးအဖြတ်ပေးမည့် အဓိကအချက် ဖြစ် လာမည်ဖြစ်သည်။
#Iran #USA #PeaceProposal #MiddleEastWar #Trump #BreakingNews #PositiveAngleNews #HormuzStrait #Diplomacy #PakistanMediation
Telegram»…
https://t.me/positiveanglenews
#PAN