တပ်ကုန်းမြို့နယ်ရှိ သဘာဝရေကန်အတွင်း ရေဆင်းကူးရာမှ အမျိုးသမီး ၂ဦး ရေနစ်သေဆုံး

(မှုခင်း) စက်တင်ဘာ ၄

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သပြေချောင်း ကျေးရွာအုပ်စု၊ ဂွေးခါးတောင်အနီးရှိ သဘာဝရေကန်တွင် ယနေ့ မွန်းလွဲ၃နာရီခွဲအချိန်ခန့်က ရေဆင်းကူးရာမှ အမျိုးသမီး၂ ဦး ရေနစ်ခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ၃နာရီခွဲအချိန်ခန့်က တပ်ကုန်းမြို့နယ် သပြေချောင်း ကျေးရွာအုပ်စု၊ ဂွေးခါးတောင်အနီးရှိ သဘာဝရေကန်တွင် အမျိုးသား ၁ဦး အမျိုးသမီး ၃ဦးတို့ ရေဆင်းကူးရာ အမျိုးသမီးနှစ်ဦး ရေနစ်မှုဖြစ်ပွားခဲ့ရာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဥ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ညနေ ၅နာရီအချိန်ခန့်မှ စ၍ ရှာဖွေရေးလုပ်ငန်းများ ပြုလုပ်လျက် ရှိရာ ညနေ ၅နာရီ၁၀မိနစ် အချိန့်ခန့်တွင် ခြုံကြီးကျေးရွာနေ အသက် ၁၈ နှစ်အရွယ်ရှိ မအိမွန်သော် အားလည်း ကောင်း၊ ညနေ ၅နာရီ၂၅မိနစ် အချိန်ခန့်တွင် တပ်ကုန်းမြို့၊ မြဝတီရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် မရွှန်းလဲ့ ဝတ်ရည်အားလည်းကောင်း အသီးသီး ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါရေနစ်သေဆုံးသူအမျိုးသမီး ၂ ဦးအား တပ်ကုန်း မြို့နယ်ခုတင်(၁၀၀) ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး သေမှုသေခင်းဖွင့်လှစ်စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN