ထားဝယ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် မိသားစုဝင်နှစ်ဦးအား အကြမ်းဖက်PDF နှစ်ဦး မှ သေနတ်ဖြင့် ပစ်ခတ်

(မှုခင်း) မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မီးသားစုဝင်းများအား အကြမ်းဖက်PDFအဖွဲ့မှ နေအိမ်ထိလာရောက် ပစ်သတ်ခဲ့ကြောင်း သိရသည်။

မေလ၉ရက်နေ့ ည ၈နာရီခွဲအချိန်တွင် ဆန်းချီရပ်ကွက်
သစ္စာလမ်းရှိ ဦးမြင့်လွင်(ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး)၊ ၅၂ နှစ်၊ (ဘ)ဦးသီးလှိုင်ပါ မိသားစုဝင် ၃ ဦးသည် နေအိမ်အပေါ်ထပ်၌ရှိနေစဉ် အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးသည် မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်တံခါးအား ကန်ဖွင့်ကာ နေအိမ်အပေါ်ထပ်သို့ တက်ရောက်၍ ဦးမြင့်လွင် ပါ မိသားစုဝင် ၃ ဦးအား ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်PDFနှစ်ဦး၏ ပစ်ခတ်မှုကြောင့် ဦးမြင့်လွင်မှာ သေနတ်ထိမှန်ဒဏ်ရာများ ဖြင့် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်စန်းထွေးနှင့် သမီးဖြစ်သူ မသဲစုလွင်တို့တွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဒဏ်ရာရရှိသူ ဦးမြင့်လွင် ပါ မိသားစုဝင် ၃ ဦးအား ထားဝယ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ဆေးကုသမှုခံယူလျက်ရှိနေစဥ် ဒေါ်စန်းထွေးလည်း ရရှိဒဏ်ရာများဖြင့် သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း သိရသည်။