အမေရိကန်တပ်ဖွဲ့များ သိမ်းဆည်းခဲ့သည့် အီရန်သင်္ဘောမှ သင်္ဘောသားများကို ပါကစ္စတန်သို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း အစိုးရဆို

(နိုင်ငံတကာ)မေ ၄

     ​​အီရန်ဆိပ်ကမ်းများအပေါ် အမေရိကန်၏ ရေ ကြောင်းပိတ်ဆို့မှုကို “လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း” ကြောင့် အမေရိကန်တပ်ဖွဲ့များက သိမ်းဆည်းထားသည့် အီရန်သင်္ဘောမှ သင်္ဘောသားများကို နေရပ်ပြန်ပို့နိုင်ရန်အတွက် ပါကစ္စတန်နိုင်ငံသို့ လွှဲပြောင်းပေး လိုက်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

     “အမေရိကန်ပြည်ထောင်စု၏ ယုံကြည်မှု တည် ဆောက်ရေး လုပ်ဆောင်ချက်တစ်ခုအဖြစ် သိမ်း ဆည်းခံထားရသည့် အီရန်ကုန်သေတ္တာတင်သင်္ဘော ‘MV Touska’ ပေါ်တွင် ဖမ်းဆီးထားသော သင်္ဘောသား ၂၂ ဦးကို ပါကစ္စတန်သို့ ရွှေ့ပြောင်းပေးခဲ့သည်” ဟု ဝန်ကြီးဌာနက တနင်္လာနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

     အဆိုပါပုဂ္ဂိုလ်များကို တနင်္ဂနွေနေ့ညပိုင်းတွင် လေ ကြောင်းဖြင့် ပါကစ္စတန်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် အီရန်အာဏာပိုင်များထံသို့ ပြန်လည်လွှဲ ပြောင်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

     “အီရန်သင်္ဘောကိုလည်း လိုအပ်တဲ့ ပြုပြင်မှုတွေလုပ်ပြီးရင် မူလပိုင်ရှင်တွေဆီ ပြန်အပ်ဖို့အတွက် ပါကစ္စတန်ရေပိုင်နက်ထဲကို ပြန်လည်သယ်ဆောင်လာမှာ ဖြစ်ပါတယ်” ဟု အစ္စလာမ်မာဘတ်မြို့က ဆိုသည်။ ဤသို့လွှဲပြောင်းမှုများကို အီရန်နှင့် အမေရိကန် နှစ်ဖက်စလုံး ၏ ကူညီပံ့ပိုးမှုဖြင့် ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ် သည်။

     အမေရိကန်အခြေစိုက် ABC သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကလည်း ယခုလွှဲပြောင်းမှုတွင် ပါဝင်ကူညီခဲ့ကြောင်း သိရသည်။ “M/V Touska မှ သင်္ဘောသား ၂၂ ဦးကို နေရပ်ပြန်ပို့ဖို့ ပါကစ္စတန်ကို လွှဲပြောင်းပေးအပ်မှု ပြီး မြောက်သွားပါပြီ” ဟု CENTCOM ပြောရေးဆိုခွင့်ရှိသူ ကပ္ပတိန် တင်မ် ဟော့ကင်း (Tim Hawkins) က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်ကလည်း အခြားခရီး သည် ၆ ဦး (သင်္ဘောသားများ၏ မိသားစုဝင်များဟု သိရသည်) ကို နေရပ်ပြန်ပို့ရန်အတွက် ဒေသတွင်းနိုင်ငံတစ်ခုသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

     MV Touska သင်္ဘောသည် အမေရိကန်၏ ဒဏ် ခတ်ပိတ်ဆို့မှုခံထားရသည့် အီရန်အစ္စလာမ်မစ်သမ္မတ နိုင်ငံ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း (IRISL) အုပ်စုဝင် သင်္ဘောငယ်တစ်စင်းဖြစ်သည်။ အဆိုပါသင်္ဘောသည် ပြီးခဲ့သည့်လက အီရန်အပေါ် ချမှတ်ထားသော အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုကို ချိုးဖောက်ရန် ကြိုး    ပမ်းစဉ်အတွင်း အိုမန်ပင်လယ်ကွေ့ရှိ ချာဘာဟာ (Chabahar) ဆိပ်ကမ်းကမ်းလွန်တွင် ဧပြီလ ၁၉ ရက်နေ့က အမေရိကန်တပ်ဖွဲ့များ၏ တက်ရောက်သိမ်း ဆည်းခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

​​#Iran #USNavy #Pakistan #MVTouska #Diplomacy #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN