မန္တလေး–ရန်ကုန် အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွား၍ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

(ပြည်တွင်း) မေ ၄

မန္တလေး–ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၄၃/၅) တွင် ၂၀၂၆ ခုနှစ်၊ မေ ၄ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်၌ ခရီးသည်တင်ယာဉ်တစ်စီး ဘီးပေါက်၍ စပါယ်ယာဘီး လဲလှယ်စဉ် မတော်တဆမှုဖြစ်ပွားကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ ယာဉ်ဘီးလဲလှယ်နေစဉ် လေအိတ်ပေါက်ကွဲမှုဖြစ်ပွားပြီး စပါယ်ယာဖြစ်သူ အမျိုးသားတစ်ဦးမှာ ကားနှင့် ကျောက်လမ်းကြားတွင် ညပ်နေခဲ့ကြောင်းသတင်းရရှိသဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်ကြောင့် ညပ်နေသူ အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ရွှေမေတ္တာလူမှုကူညီရေးအသင်း၏ ယာဉ်ဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။