(မှုခင်း)ဧပြီ ၂၇
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာအနီးတွင် ကရိန်းယာဉ်သည် ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရပ်နေသူနှစ်ဦးအား ဝင်ရောက်တိုက်မိကြောင်း သိရသည်။

ဧပြီလ ၂၄ရက်နေ့ ညနေ၅နာရီခွဲအချိန်က ရန်-မန်းလမ်း ဟောင်း မိုင်တိုင်အမှတ်(၃၂၂/၂)နှင့် (၃၂၂/၃)ကြား ၁၇၁၅ အချိန်ခန့် တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ ယာဉ်မောင်း သန်းဝင်း(၄၃)နှစ်၊ အောင်ဇေယျရပ်ကွက်၊ ဇေယျာသီရိမြို့နယ်နေသူ မောင်းနှင်လာသော NPW-3 7A/…….. NIDDAN CONDOR(အဖြူရောင်) ကရိန်းယာဉ် သည် ပြည်စံအောင်ဈေးအနီးအရောက် ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ပြည်စံအောင်ဈေး ဆိုင်းဘုတ်အနီးတွင် ရပ်နေသူ ဦးထွန်းလင်း၊ (၃၆)နှစ်၊ (ဘ)ဦးစောချစ်၊နယ်မြေ(၁)၊ သိုက်ချောင်းကျေးရွာနေသူ နှင့် ဒေါ်မြမြစိုး၊ (၆၃)နှစ်၊(ဘ)ဦးကွမ်း ဆရက(၂/၁၀၀၀)ဝန်းနေသူတို့(၂)ဦးအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ဦးထွန်းလင်း တွင် ဝဲခြေထောက်ခြေဖဝါး ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)နှင့်ဒေါ်မြမြစိုးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ယာပါးပွန်းပဲဒဏ်ရာ၊ ဝဲခြေသလုံးဖုယောင်ဒဏ်ရာ၊ များအသီးသီးရရှိခဲ့ပြီး ဒေါ်မြမြစိုးမှာ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သသည်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်တွင် ရှေ့ဘီးပေါက်ပြီးအရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ပြည်စံအောင်ဈေး ဆိုင်းဘုတ်အနီးတွင် ရပ်နေသူနှစ်ဦးအား ဝင်ရောက်တိုက်မိခဲ့သဖြင့် မဆင်မခြင် မောင်းနှင်သူ သန်းဝင်း အား ဖမ်းစီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN