(ပြည်တွင်း) ဧပြီ ၂၇
ဘိုကလေးမြို့ ၊ ဖျာပုံခရိုင်ရှိ ချိုကြည်သာသနာ့ဗိမ္မာန်ကြီး၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ဘိုကလေးမြို့နယ်နှင့် လပွတ္တာမြို့နယ် ရှိ စီမံကိန်းကျေးရွာများအတွက် Early Warning System and Anticipatory Action Framework Development အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို MERA NGO အဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဘိုကလေးမြို့နယ်မှ စီမံကိန်းကျေးရွာ ၃၂ ရွာနှင့် လပွတ္တာမြို့နယ်မှ စီမံကိန်းကျေးရွာ ၂၀ တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် MERA အဖွဲ့မှ စီမံကိန်းမန်နေဂျာ ဦးမြင့်စိုးဦးက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဘိုကလေးမြို့နယ် စီမံကိန်းကျေးရွာများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ၆၃ ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲကို ဧပြီ ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်ကြာ ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
#PAN