

(မှုခင်း) ဧပြီ ၂၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာရှိ အထပ်သားစက်ရုံ၌ ဧပြီလ၂၁ ရက်နေ့၊ နံနက် ၉ နာရီ ၃၄ မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနေရာသို့ မုဒုံမြို့နယ်မီးသတ်စခန်းနှင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ အချိန်မီထွက်ခွာ၍ မီးငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်စဉ်အား ၉ နာရီ ၅၄ မိနစ်တွင် ထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၅၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်းသိရသည်။